"သားအမှားမှမဟုတ်တာမေမေရယ်"
"မင်းဟုတ်ဟုတ်မဟုတ်ဟုတ်အကြီးကိုပြန်အော်စရာလားဟမ်"
"ဒီလောက်ဆိုးတဲ့ကလေး "အင့်ဟာ"
ဖြန်း!
ဖြန်း!
ဖြန်း!'တကယ်ကိုအသဲခိုက်အောင်နာတဲ့ရိုက်ချက်တွေ|ရိုက်ခံရသည့်ခြေတလုံးကမဟုတ်ပဲနှလုံးသားကပင်။
"နောက်တခါမင်းအမတွေကိုပြန်ခံပြောကြည့်စမ်းစောယွင်ခြည်အဲ့နေရာမှာတင်မင်းပါး ဟိုဘက်ကနေဒီဘက်လည်ထွက်သွားမယ်"
'တကယ်ကိုနာမိသည်။ကိုယ့်အပြစ်မဟုတ်တာကိုစွပ်စွဲခံရသည့်အပြင်မှားကြောင်းငြင်းတော့ပြန်ခံပြောတယ်တဲ့လားအသားတင်မကစိတ်ပါနာမိသည်။'
.....
"ယွင်လေး အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ် မမ"
'နန်းမေခြည်က ယွင်ရဲ့ယုံကြည်ရဆုံးမမလတ်ပင်။မေခြည်က အကြီးမနွယ်နေခြည်လိုမဟုတ်ပဲ ယွင့်အပေါ်နားလည်ပေးဆုံးမမ သာ။'
"မမသာရှိရင်မမဝင်ကာပေးပါတယ် ယွင်ရယ်မမလည်းအတန်းသွားနေရလို့သာပေါ့"
ပြသနာကဘယ်ကစတာလဲ""ရေချိုးခန်းသန့်ရှင်းရေးလုပ်တဲ့ကိစ္စပါ သားလုပ်တာမဟုတ်ပါဘူးဆိုတာကိုမပြောင်တဲ့ဟာကိုသားကိုပဲခေါ်ဆူနေတာ သားမဟုတ်တာမို့ငြင်းတာကို မကြီးကမေမေ့ကိုတိုင်တယ်"
"ဘယ်သူလုပ်သွားတာလဲယွင်သိလား"
"မသိဘူး မမ ဒီနေ့ သား၉နာရီကျော်မှနိုးတာ ညက အိပ်တာနောက်ကျလို့"
"အော်ဟုတ်ပါပြီ ခနနေမမနဲ့လမ်းထိပ်ကွေ့သယိုသွားစားမယ် ခြေလက်သွားဆေးဦး သွား"
"မမ မြေပဲမထည့်တာပြောပေးနော်"
"အေးပါ လုပ်စရာရှိတာသွားလုပ်သွား"
....
"ဥာဏ်သွေး သွားအရက်ဖိုးသွားရှာချည် မရှာချင်မင်းရှိတာအကုန်ပေး"
'သားဆီကအရက်ဖိုးဓားပြတိုက်သလိုတောင်းနေတာကြားလို့မှကောင်းကျသေးလား ဒါဟာလည်းဥာဏ်သွေးပန်းချီတို့အိမ်တွင်ဖြစ်လေ့ဖြစ်ထပင်။'
"မေမေထားခဲ့တဲ့ကျုပ်ပိုက်ဆံက ကျုပ် တက္ကသိုလ်တတ်ဖို့လို့ပြောပြီးသား"
"ဟျောင့် မင်းကိုမင်းအမေတယောက်ထဲမွေးထားတာမို့လို့လား ငါပါလို့လူဖြစ်လာတာလည်းသတိရဦးကွ"
"...."
"သွား သွားဝယ်ချည် ရှိတာရှာကြံပြီးတော့"
"မဝယ်နိုင်ဘူးဗျာ ကျုပ်အဆောင်သွားနေမယ် ခဗျားနဲ့မနေနိုင်ဘူး"
"သွားနိုင်ရင်သွားစမ်း အရင်ကမောင်းချတာတောင် မေမေခေါင်းချတဲ့နေရာမိို့ပါဆို ဟမ် ဟေ့ကောင်"
'ဥာဏ်သွေးဒီလိုအချိန်တွေမှဆိုမေမေ့နောက်လိုက်သွားဖို့သာ ခေါင်းထဲရှိသည် သို့ပေမဲ့ တမလွန်ရောက်ဖို့ကြိုးစားခဲ့တာလည်းအခါခါပါ သူဟာရုန်းမရပါဘူးဆိုတဲ့ဒုက္ခနွံထဲမှာမှခဲဆွဲသလိုနစ်နေတာ အသက်နဲ့ခန္ဓာကမကွဲသလို ရုပ်နဲ့နာမ်ဟာလည်းအတော်ချစ်ပုံပဲ ပူးတွဲနေတုန်း'။
"ရတယ်လေ ကျုပ်မေမေပစ္စည်းမှန်သမျှယူသွားမယ် ကျုပ်ခြေထောက်နဲ့ကျုပ်ရပ်တည်မယ် ကျုပ်မငယ်တော့ဘူး"
"အသက်ကဖြင့်20ဖြင့်ရှိသေးစောက်ကြီးစောက်ကျယ်ကပြောပြန်ပြီ ဥာဏ်သွေးပန်းချီရာ"
'ထိုနေ့ညနေကဥာဏ်သွေးတကယ်ကိုအိမ်ကဆင်းလာမိသည် ရရာအဆောင်နေပြီး အချိန်ပိုင်းအလုပ်နဲ့အခန်းခပေးမည် မေမေချန်ခဲ့တာကဥာဏ်သွေးရဲ့၂နှစ်စာကျောင်းစာရိတ်တော့ဖူလုံသည်ပင်"
....
"Flesh back"
"မေမေ ပြန်လာခဲ့ပါမယ်ဆိုသားရယ်"
'ဥာဏ်သွေးအမေ့ကိုဘယ်လိုမှသွားခွင့်မပေးနိုင်။ သိသည် မေမေသွားတာနဲ့ဘယ်တော့မှပြန်မလာမနိုင်တာကို'။
"ဥာဏ်သွေးပန်းချီ မင်းလွှတ်စမ်း ငါသွားစရာရှိတယ်လို့ပြောတယ်မလား"
'မျက်လုံးမှေး"တစ်စုံဟာမျက်ရည်တွေနဲ့ပြည့်နေတော့ဘယ်မွေးမိခင်ကခံနိုင်ရည်ရှိပါတော့မလဲ တစ်သားမွေးလေးဆိုတော့ပိုခက်လှချည်ရဲ့'။
"မေမေကတိပေးတယ်နော် သား မေမေပြန်လာခဲ့မယ်"
Flesh back end.
'ထိုနေ့လည်ကစလို့မေမေ့ကိုမတွေ့ရတာ 5နှစ်တောင်ရှိခဲ့ပြီပင် အမေကတိမတည်ခဲ့ဘူး မတည်နိုင်တာသိရဲ့စကားတတ်တိုင်းပေးခဲ့တာ လက်တွေ့မပြခဲ့ဘူး ကတိဟာအတူရှိချိန်တော့ပန်းပန်ထားရသလိုပဲ ကတိတည်မဲ့အချိန်ကိုထိုင်စောင့်ရတာဟာလည်းရက်ရာဇာ|စွန့်ပစ်သွားနိုင်တဲ့သူကစွန့်ပစ်သွားတော့ ပန်းလည်းဆူးအဖြစ်ပြောင်းတာပဲ|နားလေးတောင်သွေးစို့လို့'။
-Mhine Vli
Fri,jan(19)
YOU ARE READING
Hibiscus
Teen Fictionအခုမှစရေးသာဖြစ်သည့်အတွက်အမှားပါနိုင်ပါတယ်။ ဒါ့ကြောင့်မို့တူညီမှုတွေရှိခဲ့လျှင်တိုက်ဆိုင်မှုသာဖြစ်ပါတယ်လို့အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်