ဝမ်းဝမ်း

1.9K 75 15
                                    

#Unicode

"ကမ္ဘာပေါ်မှာ ချစ်တိုင်းလည်း မညားကြတဲ့ သူတွေအများကြီးပဲ.... အို....အို....အိုအိုအို...အဟွတ်အဟွတ်"

ဝမ်းဝမ်းတစ်ယောက် သီချင်းဆိုနေရင်း ချောင်း ပင်ဆိုးလာသည်။

မနေ့က ရွာထဲက အပျိုကြီး မချောစုရဲ့ လူကြီးလွှတ်မှာ ရေခဲမုန့် 10ခွက် စားထားသည့်ရလဒ်က အခုပေါ်လာလေပြီ။

တောက်...

အသံနေအသံထားနဲ့ သူ့အားလှောင်ပြောင်နေသော စက္ကန့်ပိုင်းသာကြီးသည့်အကိုဖြစ်သူအား...

"ဝမ်းဝမ်း!!!..မင်း ငါ့ကို ရွဲ့နေတာမလား ဟမ် "

တူးတူးတစ်ယောက် အကို ဖြစ်သူ ဝမ်းဝမ်းရဲ့ လက်မောင်းကို ကိုင်ကာ ဒေါသကြီးစွာဖြင့်မေးလိုက်သည်။

အမွှာညီကိုတွေဖြစ်တဲ့ ဝမ်းဝမ်းနဲ့တူးတူးက ဘယ်သူမှခွဲလို့မရအောင်ထိ ရုပ်တူသည်။

ရုပ်ရည်သာတူတာ အကျင့်ကတစ်စက်မှမတူ။

ညီဖြစ်သူ တူးတူးက အေးအေးဆေးဆေးနေတတ်သော်လည်း အကိုဖြစ်သူမှာ စပ်စလူးနတ်ပူးပင်။

"ဟေ့ကောင် တူးတူး.....ငါမင်းထက်အကြီးကွ...မင်းလက်ကို ဖယ်လိုက်စမ်း"

"မင်းဟာမင်း အကြီးမကလို့ ဘာကြီးဖြစ်နေနေ ငါ့ကိုဒေါသထွက်အောင်လာမလုပ်နဲ့...ငါ့လက်သီးက လူမရွေးဘူးကွ"

"ခစ် ခစ်...မင်း ဇာတ်ကားအကြည့်များသွားတာလား"

ဒေါ်မြရီမော် တစ်ခြားရွာက အကြွေးတောင်းပြီးပြန်လာလာချင်း အိမ်ထဲမှာ ဆူညံနေသောသားနှစ်ယောက်ကြောင့် ရင်ဝကို ဆောင့်ကန်လိုက်သလိုခံစားရသည်။

"ဝမ်းဝမ်းနဲ့တူးတူး!!!"

"ဗျာ အမေ"

တူးတူးက ပြန်ထူးသော်လည်း ဝမ်းဝမ်းမှာမူ ပြန်မထူးပေ။
ညီဖြစ်သူကို လျှာထုတ်ပြီးသာပြောင်ပြနေ၏။

"မင်းလျှာကို နွားချေးနဲ့ကို တို့ပစ်ဦးမယ်"

ခွပ်...

"ဝမ်းဝမ်း...မင်း လက်မပါနဲ့"

ခွပ်

"အကြီးခေါင်းကို ပြန်ခေါက်ရဲတယ် ဟုတ်လား....မင်းဖို့ ငရဲပြည်ကအခန်းဆောက်ထားတယ်တဲ့"

Short stories(punishment type)Dove le storie prendono vita. Scoprilo ora