My Lovely Ma Ma

1.8K 58 22
                                    

သစ်သားပြားလေးတစ်ပြားကို ကောက်ကိုင်ပြီး ကလေးတွေရဲ့အလယ်မှာ ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်တဲ့ ရန်လင်းထက်။

အရပ်က ရှည်ပြီး အသားက အတော်လေးဖြူသည်။
ယောက်ျားလေးမတန်ဘဲ လှရက်လွန်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားသေးသည်။
မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုချင်းစီက အပြစ်ပြောရက်စရာမရှိ။
နှုတ်ခမ်းရဲရဲကလေးက မိန်းကလေးတွေတောင် မနာလိုရအောင်ထိ လှရက်သည်။

သစ်သားပြားလေးရဲ့ တစ်ဖက်ကို သူ့လက်ထဲမှာ ကိုင်ထားတဲ့ရေဗူးလေးထဲကနေ ရေအနည်းငယ် တို့လိုက်သည်။

"ကဲ ! အစိုလား အခြောက်လား"

အုပ်စုနှစ်စုဖွဲ့ထားသည့် ကလေးတွေအနက် အုပ်စုခေါင်းဆောင် နှစ်ယောက်က အစို၊ အခြောက်ကို ရွေးလေသည်။
ကလေးတွေရွေးအပြီး ရန်လင်းထက် သစ်သားပြားလေးကို အပေါ်ကို မြှောက်လိုက်သည်။

ထို့နောက် ပြန်ကျလာချိန် စောနာက ကလေးတသိုက်ရဲ့ မျက်လုံးလေးတွေက သစ်သားပြားဆီသို့။

"အား အစိုကြီး...အဲ့တာဆို သားတို့ အဖွဲ့က အရင် ဘောလုံးယူမယ်"

အစိုဘက်က လောင်းတဲ့ ကလေးလေးက ပြုံးရွှင်တဲ့မျက်နှာနဲ့ပြောလေသည်။

ကလေးလေးတွေကို စည်းကမ်းတွေပြောပြပြီးနောက် နိုင်တဲ့အဖွဲ့က ဆရာအခေါ်ခံရမည်ဖြစ်ပြီး ရှုံးတဲ့အဖွဲ့က ဆရာခေါ်ရမည်ဖြစ်ကြောင်းကိုလည်း ရှင်းပြလိုက်သည်။

ကလေးတွေရဲ့ အလယ်မှာ ဒိုင်လူကြီးလုပ်နေတဲ့ ရန်လင်းထက်မျက်နှာဟာ ကြည်လင်‌တောက်ပလို့နေသည်။
သူဝါသနာပါတဲ့အရာ လုပ်နေရရင် သူပျော်သည်။

"ကဲ စမယ်"

ခရာကို စတင်မှုတ်လိုက်ချိန် ကလေးတွေက ဘောလုံးကို စတင်ကစားကြသည်။

.

.

"အား ဂိုး"

ကောင်းကောင်းတို့အဖွဲ့က တစ်ဂိုးရသွားလေပြီ။

ထိုစဉ် ...

တီ..တီ

Scopyအနက်ရောင်နဲ့ ကောင်မလေးတစ်ယောက်က ဟွန်းတီးလေသည်။
သူတီးရသည့်အကြောင်းအရင်းမှာ တစ်ခြားအကြောင်းကြောင့်မဟုတ်။
လမ်းပိတ်နေလို့ပဲဖြစ်မည်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Jun 02 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

Short stories(punishment type)Dove le storie prendono vita. Scoprilo ora