ကိုကို့ နိုင်းဆက်(1)

1.7K 77 13
                                    

ဒေါက် ဒေါက်...ဒေါက် ဒေါက်

"အခု တံခါးဖွင့်စမ်း! နိုင်းဆက်‌အောင်! ကိုချမ်းပြောနေတယ်လေ"

ဖြိုးချမ်းငြိမ်းတစ်ယောက် တံခါးအဆက်မပြတ်ခေါက်နေပေမယ့် အထဲက ကျေးဇူးရှင်လေးက ထွက်မလာ။
ခါတိုင်းဆို သူ့အနားမှာ ခွေးပေါက်လေးလိုကပ်ချွဲတတ်တဲ့ ကောင်ကလေးက အခု သူ့အားလုံးဝရှောင်နေတာဖြစ်သည်။
ငယ်ငယ်ကတည်းက  ညီလေးတစ်ယောက်လိုခင်လာခဲ့တဲ့ ဒီကောင်ကလေးကို သူတကယ်သံယောဇဉ်ရှိသည်။

မြိုသိပ်နိုင်စွမ်းအားကြီးတာ ကောင်လေးရဲ့ အကျင့်တစ်ခု။
ထိုအကျင့်ကို ချမ်းငြိမ်းမကြိုက်။
ပွင့်လင်းမှုမရှိတဲ့ ကောင်လေးနဲ့ ဒီနေ့ သေချာလေးရှင်းရမည်။

ကောင်လေးက မိဘတွေအလိုလိုက်ထားတာမို့ နည်းနည်းဂျစ်နေတာကလွဲရင် ချစ်စရာလေးပင်။
စိတ်ရင်းကောင်းပြီး လူတွေအပေါ်ကြင်နာတတ်သည်။

အသက် 18နှစ်အရွယ်ရှိပြီး ရတနာပုံတက္ကသိုလ်မှာ ဒုတိယနှစ်တက်နေတဲ့ ဒီကောင်လေးက ချမ်းငြိမ်းနဲ့ဆို  ကလေးပေါက်စလေးသဖွယ်ပြုမူတတ်သည်။

ညတိုင်း သူ့အိမ်ကို အလည်သွားပြီး နေကြာစေ့ခွာပေးရ၊ မုန့်လုပ်ကျွေးရတာ ချမ်းငြိမ်းရဲ့အလုပ်တစ်ခုလိုဖြစ်နေသည်။
တစ်ခါတစ်လေဆို ပုံပြင်တွေပါပြောပြ‌ရသေးသည်။
သူမလာရင် မျှော်တတ်ပြီး အိမ်က လူကြီးတွေကို ဖောက်ကောက်တတ်တဲ့ နိုင်းဆက်‌အောင်က ချမ်းငြိမ်းအမြတ်တနိုးထားရတဲ့ ကောင်ငယ်လေးပင်။
ညီအရင်းတစ်ယောက်လိုချစ်တဲ့ ဒီကောင်လေးကို မဟုတ်တဲ့သံယောဇဉ်တွေနဲ့ အရောင်ဆိုးမိမှာ ချမ်းငြိမ်းကြောက်သည်။
ဖြူစင်နေသော မေတ္တာကြားမှာ ဘယ်လို အဖုအထစ်မျှ မရှိစေချင်ပါ။
သံသယတွေလည်း ကောင်ငယ်လေးကို မရှိစေချင်တာမို့ သူအခုလို ရှင်းဖို့တွေးထားတာဖြစ်သည်။

တံခါးခေါက်သံကို ဥပေက္ခာပြုပြီး နိုင်းဆက်အခန်းအပြင်ကို ကြည့်ကာ ငိုနေမိသည်။

ကောင်းကင်ပြင်မှာ တိမ်ညိုတွေ အုံ့မှိုင်းလို့နေသည်။
မိုးတွေ ပြိုကျတော့မယ့် ကောင်းကင်ပြင်ကြီးက သူ့အား ပိုလို့ခံစားစေသည်။
သပြေသီးမှည့်တွေလို ညှို့မှိုင်းနေပြီး မိုးခြိမ်းသံတွေက အဆက်မပြတ်။

Short stories(punishment type)Dove le storie prendono vita. Scoprilo ora