Love from MEC (1)

2.2K 64 15
                                    

💙

သာယာသော မနက်ခင်းလေးတစ်ခု။

နွေးထွေးမှု၊လုံခြုံမှု၊တည်ငြိမ်မှု၊ခန့်ညားမှု၊ကျက်သရေရှိမှုတို့နှင့်ပြည့်စုံသော Mandalay Education College (MEC)အတွင်းတွင်   အဖြူအစိမ်းဝတ်စုံနှင့် ဆရာလောင်းဆရာမလောင်းလေးတွေ သွားလာလှုပ်ရှားနေကြတာကို မြင်တွေ့ရသည်။

မန္တလေးပညာရေးကောလိပ်ဆိုသည့် အိတ်လေးတွေကိုယ်စီကိုင်ကာ ယောကျ်ားလေးတွေက တိုက်ပုံကိုယ်စီ၊မိန်းကလေးတွေက လက်ရှည်ရင်ဖုံးဝတ်ဆင်ကာ ဆံထုံးကိုယ်စီထုံးထားကြပြီး ပုဝါကိုယ်စီခြုံထားကြသည်။

ကျက်သရေရှိလှသော မြင်ကွင်းပင်။

ဘတ်စုံပညာထူးချွန်သော အနာဂတ်လူငယ်တို့ကိုမွေးထုတ်ပေးမည့် ဆရာလောင်းဆရာမလောင်းလေးတွေကို တစ်ဆင့်ပညာသင်ကြားပေးရတာ ခန့်ဘုန်းမြတ် ဝမ်းသာဂုဏ်ယူမိသည်။

ပညာရေးကောလိပ်မှာ Tutorအဖြစ်တာဝန်ထမ်းဆောင်နေတာ 10စုနှစ်တစ်စုရှိလေပြီ။

တောင်ကြီးပညာရေးကောလိပ်ကနေ ဟားခါးပညာရေးကောလိပ်၊ထိုမှတစ်ဆင့် မန္တလေးပညာရေးကောလိပ်ကိုရောက်ရှိလို့လာခဲ့လေသည်။မန္တလေးပညာရေးကောလိပ်မှာ တာဝန်ထမ်းဆောင်နေတာ အခုဆို2နှစ်ရှိလေပြီ။

မန္တလေးသားဖြစ်သည့်သူ့အတွက် အမိမြေကို ပြန်လည်ခြေချရတာ စိတ်ထဲဝယ်ခံစားချက်တစ်မျိုးဖြစ်စေသည်။

ထိုခံစားချက်မှာ နွေးထွေးလုံခြုံမှုရသောခံစားချက်ပင်ဖြစ်၏။

ဒီနေ့က တနင်္လါနေ့ဖြစ်သည့်အတွက် အောင်ဆန်းခန်းမဆီကို သွားရမည်ဖြစ်သည်။

တနင်္လါနေ့နှင့်သောကြာနေ့မှာ စုဝေးသဘင်အခမ်းအနားရှိလေသည်။

"မင်္ဂလာပါ ဆရာ"

"မင်္ဂလာပါ "

ခန်းမဆီသွားနေသည့် လမ်းတစ်လျှောက်မှာ နှုတ်ဆက်သံလေးတွေကို ခန့်ဘုန်းမြတ်ပြန်ဖြေလိုက်သည်။

.
.
.
.
.

"အဲ့တာ ပညာရေးစိတ်ပညာဋ္ဌာနက စေ့ဆော်မှုဆရာဆိုပဲ...ငါ့အိပ်ခန်းထဲက အမကြီးပြောတာကြားဖူးတယ် အဲ့ဆရာက စာတအားမေးတာတဲ့...သူ့ချိန်ဆို သူအရင်နေ့ကသင်ပြီးသားတွေ ပြန်ကြည့်မသွားရင် မရဘူးတဲ့...ရုပ်လေးချောပြီးစာတအားမေးတာမထင်ရဘူးနော်"

Short stories(punishment type)Dove le storie prendono vita. Scoprilo ora