Ch 1
"ဟဲ့ ဟဲ့ ဟိုမှာ လာနေပြီ"
"ဘယ်သူတုန်းဟ နင့်မေလင်လား"
"ဥက္ကဌနဲ့ မမကေတို့ဟဲ့ မိလို့မဖြစ်ဘူးနော်"
ဝန်ထမ်းကောင်မလေးနှစ်ယောက်မှာ ဖုန်းခိုးသုံးနေရင်း အခန်းထဲသို့အရှိန်ဝါအပြည့်ဖြင့်ဝင်လာသော သူတို့နှစ်ဦးေကြာင့်ပြာရာတွေခက်သွား၏။ မြို့ရဲ့သူဌေးကြီး ဦးအာကာလင်းထွတ် ရဲ့ တစ်ဦးတည်းသောသား ဥက္ကာလင်းထွတ် က တော့ အနောက်တိုင်းဝတ်စုံနဲ့ ဆံပင်ကို နောက်လှန်သပ်ထားေသးသည်။ရုပ်ရည်ရော စွမ်းရည်ရော ဘာမှအပြစ်ပြောလို့မရအောင်ပင်။ ကေမိုးဝိုင်ကတော့ အနောက်တိုင်းဝတ်စုံ ခရမ်းလေးဝတ်ထားပြီ ဆံပင်ကို သပ်သပ်ရပ်ရပ်ချထားပြီး မိတ်ကပ်ပါးပါးေလးပဲလိမ်းထားတာကြောင့် ချောလည်းချော ခန့်လည်းခန့် ။သူ(မ) က ဥက္ကဌရဲ့ အယုံကြည်ရဆုံးသူဆိုလည်းမမှားပါဘူး။ သူတို့နှစ်ယောက်ကို ဒီ ကုမ္ပဏီမှာ မကြောက်တဲ့သူမရှိပါ။
"ကေမိုး ငါတို့ကုမ္ပဏီမှာ အလုပ်လုပ်စရာရှိတာမလုပ်ပဲ အလေလိုက်နေတဲ့သူတွေများလာပြီ ကြည့်ကြပ်ပြောထား" ဟုဆိုကာ သူ့ရုံးခန်းထဲသို ဝင်သွားသည်။
"ညီမလေးတို့ကလည်း ပြောထားရဲ့သားနဲ့နော်၊ အခုပဲကြည့် ဟိုကပြောသွားပြီ third warning ဆိုအလုပ်ကထွက်ရတော့မှာ အဲ့ကြမှ မမကေကယ်ပါ ကူပါ မလုပ်နဲ့"
ထိုအမျှပြောပြီး သူ့ ခုံစီသူသွား၏
" မမကေ က ချောလိုက်တာနော် ဥက္ကဌနဲ့မှ တခြားစီပဲ ငါပြောရဲတယ် ဥက္ကဌ ကလေ ကုတ်ကမြင်ကြီးနေမှာ"
"နင်လည်းလေ အဆင်မရတော့ စော်သွားငမ်းတယ်နော် ပြီးတော့ ဟိုက ကြားမှ အလုပ်မဲ့တွေဖြစ်မယ် လာလုပ်မယ်"
*********************************
*******
"နန်း latte အပူ တစ်ခွက်၊ iced Americano တစ်ခွက်"မာန်က ကောင်တာကနေ အော်ပြီးပြောလိုက်သည်။ ဒီကော်ဖီဆိုင်ကို ဖွင့်တာ တစ်လပဲရှိသေးတယ်။honey shot ဆိုတဲ့ကုမ္ပဏီဘေးမှာဖွင့်ထားတာဆိုတော့ ဝန်းထမ်းအများစုလာသောက်ရင်း နာမည်ကြီး လာသည်။
အခု အချို့နေရာကနေပါ လာသောက်ကြတယ်။ ဒီနေ့လိုမျိုးဆို ရင် လူပိုစည်တယ်။ဆိုင်မှာက2ယောက်ထဲဆိုတော့ လူကျ ရင် မာန်တို့အတွက်အခက်တွေ့တာပေါ့။
YOU ARE READING
COFFEE BOSS
Romancehi! chai ပါ။ ဒါလေးက ပထမဦးဆုံးရေးတဲ့ fic လေးမလို့ အမှားရှိရင်တောင်းပန်ပါတယ် နော်။ကျေးဇူးပါ။ ဥက္ကာလင်းထွဋ် - ရေဆက်ရှိလို့ပြန် ဆုံတွေ့ရပြီပေါ့။ မာန်မင်းဟန် - ငါ့အတွက်ကတော့ ပြန်တွေ့တယ်လို့ ဘယ်ပြောလို့ရမလည်း။