နန်းဦး နားနေခန်းတံခါးကို အသာလေးဖွင့်ကြည့်လိုက်သည်။ သူ(မ) ကို ထိုင်ခုံပေါ်တွင်မိန့်မိန့်ကြီးထိုင်ပြီးစောင့်နေသူ။ သူကြောက်ပါသည်။ ဒီလိုမျိုးကြီး ကိုမာန့်ကိုမမြင်ရသည်မှာ ကြာလှပြီ။ ကိုယ့်ဘာသာ ကိုယ်ဘာလုပ်မိလည်းပြန်စဉ်းစားမိသည်။ ကိစ္စတော်တော်လေးကြီးမှသာ ဆိုင်ထဲမှာတောင်အဲ့လိုမျိုး အော်ပြောမည်။ အဲ့အချိန်မှာ ခေါ်သံကြောင့် တုန်တက်သွားသည်
"နင်ဘာလုပ်နေတာလည်း နန်းဦးဝတီဖြိး။ သူခိုးလိုလို ဘာလိုလိုနဲ့ လိုက်မချောင်းနေနဲ့။ လာခဲ့စမ်းအခု"
နန်း တံတွေးတွေပါ မြိုချလိုက်ရသည်။ဒူးတုန်ဖင်တုန် နဲ့ အခန်းထဲမရဲတရဲ ဝင်လာသည်။တစ်မိနစ်လောက်စကားမပြောဘဲ တည့်တည့်ကြီးကြည့်နေတဲ့ မာန့်ကြောင့် နန်းဦးဘက်ကဘဲ စကားစလိုက်သည်။
"သမီးကို ပြောစရာရှိလို့လား ကိုမာန်"
"ဘာ ငါကပဲ နင့်ကိုပြောစရာရှိလို့လားတဲ့။ ကိုယ့်အပြစ်ကိုယ်တောင်မသိဘူးဘဲ။ဒါမှမဟုတ် ကိုယ်လုပ်ထားတာအပြစ်လို့မထင်တာလား ဟင် နန်းဦးဝတီဖြိုး"
"..."
"နင့်မှာ ပါးစပ်မပါဘူးလား။ ငါမေးရင်ဖြေ။ ငါနင့်ကို ဘယ်လိုသင်ထားလည်းပြော။ လူကြီးမေးရင် ပါးစပ်နဲ့ပြန်ဖြေပါလို့။ ငါ့သင်ထားပေးထားခဲ့တာတွေက ောက်ရေးမပါလို့လား။"
"ကိုမာန် အဲ့လိုမဟုတ်ပါဘူး။သမီးအခုက ဘာအပြစ်မှမလုပ်ထားပဲ ကိုမာန်က သမီးကိုလာဆူနေတာကြီးကို။"
"ငါကပဲ နင့်ကို ဘလိုင်းကြီးလာဆူတယ်ပဲဖြစ်ရဦးမယ်။ အေးနင်မမှတ်တော့ရင် ငါပြောမယ်။ Honey Shot ကုမ္ပဏီရဲ့ ဥက္ကဌကား နောက်မီးက ဘာလို့ကွဲနေတာလဲ။"
နန်းဦးထိုအချိန်မှာ ကမ္ဘာပြိုတော့မတက်ဖြစ်သွားသည်။ သူဒီကိစ္စကြီးကိုမေ့သွားသည်။ အခုကိုမာန်ကဘယ်လိုသိသွားတာလဲ။ နေ့လည်က ကိုမာန် ကော်ဖီတွေသွားပို့နေတုန်းများ မမကေပြောလိုက်သည်လား။ အဲ့ဒါပဲဖြစ်မည်။ မမကေကိုနောက်မှပြဿနာပြန်ရှာဦးမည်။ အခုကိုမာန်ကို ဘယ်လိုေပြာပြရမှန်းမသိ ကြောက်စိတ်ကစိုးမိုးနေသည်။ထိုသည်မှာ ကားတိုက်မိလို့မဟုတ်၊ လိမ်လိုက်ခြင်းကြောက့်ပင်။
YOU ARE READING
COFFEE BOSS
Romancehi! chai ပါ။ ဒါလေးက ပထမဦးဆုံးရေးတဲ့ fic လေးမလို့ အမှားရှိရင်တောင်းပန်ပါတယ် နော်။ကျေးဇူးပါ။ ဥက္ကာလင်းထွဋ် - ရေဆက်ရှိလို့ပြန် ဆုံတွေ့ရပြီပေါ့။ မာန်မင်းဟန် - ငါ့အတွက်ကတော့ ပြန်တွေ့တယ်လို့ ဘယ်ပြောလို့ရမလည်း။