'ကလင်ကလင်'
ဆိုင်တံခါးပွင့်သံကြားတော့ နန်း နှုတ်ဆက်ဖို့ ခန္ဓာကိုယ်ကို ချာခနဲလှည့်လိုက်တော့ နန်းရဲ့ ဆံနွယ်တွေ လေထဲတွင် လွင့်မြောသွားသည်။ဖရိုဖရဲကြီးဖြစ်နေပင်မဲ့တစ်ယောက်သော သူ(မ)ကတော့ ဖရိုဖရဲဖြစ်နေတယ်လို့ ဘယ်ထင်မလဲ။သာယာသောမနက်ခင်းလေးတွင် တိမ်များသည်ဟိုတရွေ့ ဒီတရွေ့ဖြင့်လှပစွာရွေ့လျားနေသည်။လမ်းမထက်တွင်လည်းကားများနှင့်လူအများ ကိုယ့်အလုပ်ကိုယ်စီဖြင့် သွားလာလုပ်ရှားနေကြသည်။
ကေမိုးသည်လည်း ရုံးသို့သွားရန် စတင်ပြင်ဆင်ရသည်။ရုံးသို့သွားဖို့ပြင်ဆင်ပြီးချိန်တွင် ကားပေါ်တက်ကာ ရုံးသွားဖို့ပြင်သည်။ဒီလိုသာယာသော မနက်ခင်းမျိူးတွင် ကေမိုးအတွက် ကော်ဖီလေးတစ်ခွက်သောက်ဖို့ လိုအပ်သည်။ ထိုအချိန်တွင် ကေမိုးအတွေးထဲတွင် မနေ့ကအဖြစ်အပျက်ကို ပြန်သတိရသွားသည်။အဖြူရောင်ဆံနွယ်ပိုင်ရှင်လေးကို ကေမိုးတွေ့ချင်သည်။ထိုကြောင့် သူမကိုတွေ့ဖို့ရာ သူမပေးခဲ့သောကူပွန်လေးကိုအသုံးချရန်တွေးကာ ထိုကော်ဖီဆိုင်သို့ ခြေလှမ်းလှမ်းလိုက်သည်။ဆိုင်ထဲသို့ ဝင်သွားချိန်တွင် ထိုအဆိုးလေး၏ဆံနွယ်လေးများ လေဟုန်နဲ့အတူလွင့်သွားသောသူမ၏ပုံစံလေးက ပန်းချီကားတချပ်လိုပင်။နေရောင်ခြည်ကျနေတဲ့ နန်းရဲ့မျက်နှာလေးက ပိုလို့တောက်ပနေသည်။
"နန်း"
နန်းလှည့်လိုက်တော့ မြင်ရတဲ့သူက မမကေ ဖြစ်နေသည်။မနေ့ကညအဖြစ်ပျက်ကို စဉ်းစားပြီး အားနာမိသေးသည်။ ဘာမှ မလျော်ခိုင်းတာကိုပဲ ကျေးဇူးတင်မိသည်။
"အော် မမကေ ပါလား။ လာလေ အမ ညီမ ဘာဖျော်ပေးရမလဲ"
ပြုံးပြုံးကလေး ပြောလာတဲ့အဆိုးလေးက ပါးချိုင့်လေးနဲ့ ချစ်စရာလေး။ ကေမိုးကိုယ်တိုင်သောက်ဖို့အတွက် iced Americano တစ်ခွက်ရယ်၊ ဥက္ကဌအတွက် ပါ matcha latte တစ်ခွက်မှာလိုက်သည်။
"ဟုတ်ကဲ့ပါ။ အော်ဒါနဲ့ အမမှာ ကူပွန်ကတ်လေးရှိသေးလား။"
"အင်း၊ ရှိတယ်နော် ရော့"
ကတ်လေးတစ်ခုပေးခြင်းဖြင့် လက်နှစ်ခုဆုံတွေ့ခဲ့သည်။နန်းလက်ကလေးတွေကိုနူးညံမယ်ထင်ခဲ့ပင်မဲ့ အခြေအနေက ပြောင်းပြန်ဖြစ်နေကာ နန်းလက်ကလေးတွေတော်တော်ကြမ်းနေသည်။ ကေမိုး ခဏ အံဩသွားပင်မဲ့ မျက်နှာက တော့ ပကတိအတိုင်းပင်။
YOU ARE READING
COFFEE BOSS
Romancehi! chai ပါ။ ဒါလေးက ပထမဦးဆုံးရေးတဲ့ fic လေးမလို့ အမှားရှိရင်တောင်းပန်ပါတယ် နော်။ကျေးဇူးပါ။ ဥက္ကာလင်းထွဋ် - ရေဆက်ရှိလို့ပြန် ဆုံတွေ့ရပြီပေါ့။ မာန်မင်းဟန် - ငါ့အတွက်ကတော့ ပြန်တွေ့တယ်လို့ ဘယ်ပြောလို့ရမလည်း။