Ch 3
"အို sorry ပါ။ မမြင်လိုက်လို့.......မင်း"
မာန် မြင်လိုက်ရတဲ့ မျက်နှာ ကြောင့် ခဏတာ ငြိမ်သက်သွားသည်။ သူ ဒီလူကို့မေ့စရာအကြောင်းမရှိပါ။မျက်နှာထားမှာ အခုထိမပြောင်းလဲ။ ဆံပင် အမဲရောင်ကို နောက်ပြန်ဖီးလိမ်းထားပုံကတော့ အရင်နှင့်မတူတော့ပါ။ သူဒီလူ့ကို လွမ်းေနရပါသည်ဆိုလည်း မမှားပါ။ဒီလူကရော သူ့ကို သိပါသေးရဲ့လားဟု မာန်တွေးနေမိသည်။
"မင်း ငါ့ကိုမှတ်မိလား။"
မာန် ရဲစွန့်ပြီးမေးလိုက်သည်။သူ လိုချင်နေသည့် အဖြေမကြားရမှာကို စိတ်ပူနေမိသည်။ သို့သော် ကြားချင်သည့်အဖြေ မဟုတ်ရင်လည်း ကိစ္စမရှိ။ မမှတ်မိရင်ပိုကောင်းမည်ဟုလည်းတွေးမိသည်။
"ဗျာ ကျွန်တော်တို့က အခုမှတွေ့စုံဖူးတာထင်တယ် အကို"
ထိုအဖြေကိုကြားလိုက်ရသော မာန်အတွက် ရယ်ချင်စရာပင်၊ အကို တဲ့လား။ တကယ်ပဲ မမှတ်မိတော့တာလား။ မာန် ဝမ်းနည်းမိသည်။ဒါမဲ့ ကိုယ်ကသိလားလို့မေးတာ ဟိုဘက်ကမသိဘူးပြောတော့ ရှက်စရာတော့ကောင်းနေသည်။ တစ်ခုခုတော့ ပြောရမည် ဟု စဉ်းစာနေချိန်မှာ စောနက ကော်ဖီသွားပို့တုန်းက မြင်လိုက်ရတဲ့ ကားရဲ့ ပိုင်ရှင် က ကိုယ့်အရှေ့ကလူမှန်း သိလိုက်သည်။ ကားပေါ်က လူအတိုင်း နာရီလေး ရှိနေသောကြောင့်ပင်။
"မင်းလေ ဒီနေ့မနက်က ကားကို အရှိန်နဲ့မောင်းတာ လမ်းဘေးကအမှိုက်တွေ ငါ့ကိုလာစင်တာလေ။အခုကြည့် ငါ့ အင်္ကျီတွေ ညစ်ပတ်ကုန်ပြီ"
"ဟာ ကျွန်တော်လုပ်တယ်လို့ သက်သေရှိလို့လား"
ဥက္ကာလည်း သူ့ကိုရုတ်တရက်ကြီးလာစွတ်စွဲနေသူကြောင့် ပြန်ရန်ရှာမိသည်။သူ ဒီကော်ဖီဆိုင်ကိုရောက်လာသည်မှာလည်း အရှေ့က ကိုယ့်ကို ရန်ရှာနေသူကြောင့်ပင်။ ကုမ္ပဏီကို ဝင်ဝင်ချင်းမှာပဲ သူ့ဘေးနားက ဖြတ်လျှောက်သွားသော သူမှ ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့ကို ရလာသည်။ ထိုကိုယ်သင်းနံ့ကို မရသည်မှာ ၈ နှစ် ရှိပြီဆိုလည်းမမှားပါ။ သူ့စိတ်ထဲမှာ သူသတိရနေသော လူသားလေးတစ်ယောက်လားဟုတွေးမိရင် နောက်ပြန်လှည့်ကြေတာ့ သူလေးမဟုတ်။ ကောင်လေးတစ်ယောက် အရပ်ရှည်ရှည်နဲ့ စတိုင်ပန်နက်ေလးနဲ့အပါ် က ချည်အင်္ကျီဖြူလေးကို ခေါက်တင်ထားသည်။ဘာလို့လဲေတာ့ မသိ နှလုံးသားနှင့်ရင်းနှီးနေသလိုပင်။ပြေးလိုက်မည်အလုပ်၊ ရုံးမှအရေးကြီးစာရွက်စာတန်းများကို လက်မှတ်ထိုးပေးရမည်ဆို၍ ပြေးမလိုက်နိုင်ခဲ့ပါ။ အလုပ်ပြီးသည်နှင့် အမြန်ပြေးလာသည်မှာ အချိန်ကွက်တိပင်။ ဝင်ဝင်ချင်းမှာဘဲ ရင်ဘတ် နဲ့ခေါင်းတည့်တည့်ပင်။ သတိပေးစကားပြောလိုက်တော့ ကိုယ့်ကိုမော့ကြည့်လာပြီး အကြာကြီးစိုက်ကြည့်ေနတဲ့ ထိုလူသားလေးထံမှ *မင်း ငါ့ကိုမှတ်မိလား* ဆိုတဲ့စကားကြောင့် လန့်သွားပေမဲ့ ခေါင်းထဲရှိတဲ့အဖြေကိုသာပြောလိုက်မိသည်။
YOU ARE READING
COFFEE BOSS
Romancehi! chai ပါ။ ဒါလေးက ပထမဦးဆုံးရေးတဲ့ fic လေးမလို့ အမှားရှိရင်တောင်းပန်ပါတယ် နော်။ကျေးဇူးပါ။ ဥက္ကာလင်းထွဋ် - ရေဆက်ရှိလို့ပြန် ဆုံတွေ့ရပြီပေါ့။ မာန်မင်းဟန် - ငါ့အတွက်ကတော့ ပြန်တွေ့တယ်လို့ ဘယ်ပြောလို့ရမလည်း။