Part - 5
မင်းဆက်ရှင် နှင့် လွိုင် အခန်းတွင်းမှာ အတော်ကြာ စကား အချေအတင် ဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။
လွိုင် အကြည့်စူးစူးများကို မခံနိုင်ဘဲ နောက်ဆုံး မျက်နှာလွဲလိုက်ရသည်။ မင်းဆက်ရှင် ဆိုဖာကျောမှီကို မှိကာ ခြေထောက်နှစ်ချောင်းကို ချိတ်ထိုင်လိုက်သည်။
" ကျုပ် မပြင်ပေးနိုင်ဘူး ခင်ဗျား ပြန်လိုက်တော့ "
လွိုင်ဆိုတာ လိုချင်တာကို မရ ရအောင် ယူတတ်သည်။ သူများ မပေးချင်၊ မလုပ်ချင်တာကိုမှ ရအောင် ယူချင်သည်။
လွိုင် ထိုင်နေရာကနေ ထသွားပြီး မင်းဆက်ရှင်ဘေး ဝင်ထိုင်ကာ နောက်ကို မှီနေသည့်မင်းဆက်ရှင်၏ရင်ခွင်ထဲ ဝင်လိုက်သည်။
မင်းဆက်ရှင် သူ၏ရင်ခွင်ထဲက လူကို မဲ့ပြလိုက်သည်။ ထိုအခါ လွိုင် မင်းဆက်ရှင်၏ချိတ်ထားခြေထောက်နှစ်ချောင်းကို ဆွဲဖြုတ်ပြီး ပေါင်ပေါ် ထိုင်လိုက်သည်။
" ကျုပ်ကို ဆွဲဆောင်နေလည်း အပိုပဲ "
" အရင်ဆုံး ပါးစပ်လေး ပိတ်ထား "
လွိုင်က မင်းဆက်ရှင်၏ပေါင်ပေါ်ကနေ မင်းဆက်ရှင်၏နှုတ်ခမ်းလေးကို သူ့လက်ညိုးလေးနှင့် ဖွဖွထိကာ ပြောလိုက်သည်။
မင်းဆက်ရှင် စိတ်ထဲ FUCKဟုသာ ရေရွတ်လိုက်သည်။
လွိုင် ဆက်ပြီး မင်းဆက်ရှင်၏လည်ပင်းကို လက်ညိုးလေးနှင့် ဖွဖွထိကာ ခေါင်းလေးကို မော့ကာ လျှာဖျားလေးနှင့် လည်စလုပ်ကို ယက်လိုက်သည်။
လွိုင် ခစ်ခနဲ တစ်ချက် ရယ်ကာ မင်းဆက်ရှင်၏ရင်ဘတ်မှ ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်သည်။ ပေါ်လာသည့်ရင်ဘတ်မို့မို့ကိုလည်း လက်ညိုးလေးနှင့် ဖွဖွ ပွတ်ဆွဲပစ်သည်။
မင်းဆက်ရှင်၏ပေါင်ပေါ်က လွိုင်က ကျားကိုမှ မကြောက်သည့် ယုန်သူငယ်ပင်.......
လွိုင် ဆက်ပြီး ရင်ဘတ်မှ တစ်လျှောက် အင်္ကျီပေါ်ကနေ မင်းဆက်ရှင်၏ဝမ်းဗိုက်ကို ဖတ်ခနဲ နှစ်ချက်ရိုက်လိုက်ပြီး လည်းပင်းကို လျှာနှင့် ယက်နေသည်။