Part - 1
" baby ကိုယ့်ကို နမ်းပါအုံး "
ပြွတ်စ်!!
ရှေ့က အငှါးကားဆရာကိုမှ အားမနာ နန်းလိုက်သည်။ ကားဆရာကလည်း နားရှက်ဖွယ်အသံများကို လျစ်လျူရှု၍ အဝေးပြေးဂိတ်ကိုသာ အမြန်ရောက်ရန် မောင်းနေသည်။
ကျွန်တော့်နာမည်က လွိုင် ဖြစ်တယ်။ အိမ်မှာတော့ အငယ်ဆုံးပေါ့။ ပုံမှန် မဟုတ်ပေမဲ့ တစ်အိမ်လုံးက ညည်းညည်းလှုပ် ချစ်ကြသည်။
မောင်နှမသုံးယောက်မှာ အငယ်ဆုံး ဖြစ်သည်။ ကိုကြီးက ဖေဖေ့အလုပ်မှာ ကူလုပ်နေပြီး မမက မေမေ့ဆိုင်မှာ ဝင်ကူနေသည်။ သူကတော့ ဒီလိုပဲ။
အိမ်က ချမ်းသာတယ် မဟုတ်ပေမဲ့ သုံးနိုင်တဲ့အထဲမှာ ပါတယ်။ အခုက အိမ်ကနေ ထွက်ပြေးလာပြီး ရည်းစားနဲ့ ခိုးရာ လိုက်ပြေးမှာ ဖြစ်တယ်။
လွိုင်က လိင်နှစ်မျိုးနဲ့ ဖြစ်ပေမဲ့ ကျားဟော်မုန်း ပိုများသည်မို့ ယောင်္ကျားပဲ ဖြစ်သည်။ လွိုင် ယောင်္ကျားတွေကိုပဲကြိုက်သည်။ သို့သော် မိန်းကလေး ချစ်သူလည်း ထားဖူးသည်။ သူ့အရာက ဘယ်လိုမှ မိန်းကလေးနဲ့ဆို မထောင်နိုင်။
" ကိုကို အခု babyတို့ ဘယ်သွားမှာလဲ "
" ကိုကို့အမျိုးတွေ ရှိတဲ့ မူဆယ်ဘက်ကို သွားမယ်လေ "
" babyကို သူတို့က သဘောကျပါ့မလား "
" မွ ကိုကို့မိန်းမလေးကို ကိုကို သဘောကျနေရင် ရပြီ "
" ခစ်ခစ် သူပဲ အပြောကောင်း "
လွိုင် ကိုကို့ရင်ခွင်ထဲ ဝင်လိုက်ပြီး နှုတ်ခမ်းကို တဖျတ်ဖျတ် နမ်းလိုက်သည်။ ကိုကိုက သူ့ချစ်သူ။ ချစ်သူသက်တမ်း ၃နှစ်ပြည့်ပြီးတဲ့နောက်မှာ လွိုင် အိမ်ကို အသိပေးပေမဲ့ အိမ်က သဘောမတူ၍ ကိုကိုနဲ့ ခိုးရာလိုက်ခဲ့ခြင်း။
" ကိုကို ဟိုရောက်ရင် babyကို အမြဲ ပြုစုပေးရမယ်နော် "
" ကိုကို့ကလေးလေးကို ကိုကိုက အမြဲတမ်း အရှင်သခင်လို ထားမှာ "
" ခစ်ခစ် ပြွတ်စ် ချစ်တာ ကိုကိုရာ "
လွိုင်အတွက် ကိုကိုကသာ အရာရာ။ ကိုကိုသာ ရှိရင် ဘာမဆို ရင်ဆိုင်ရဲသည်။ မေမေတို့ တားနေသည့်ကြားမှ ခိုးရာလိုက်လာခြင်း။