(၃၄)(warning)
""တိတ်စမ်း!!! အသက် အဲ့ဒါငိုစရာလား""
"'အော်တယ် ဟင့် ဟင့် အဟီးးးး"'
လူကို မျက်မှောင်ကျုတ်ကာ စိုက်ကြည့်နေပြီး ထပ်အော်လာသည့် ကယ်ကြီးကြောင့် မဏိ ဆက်ငိုချပစ်သည်။ အန်ကယ်ဟု သူခေါ်သည့် အသက်ကြီးကြီး လူလေးယောက် ထွက်သွားတုန်းကလည်း တစ်ခါအော်သည်။ အခုလည်း နောက်ထပ်အော်လာတာမို့ ဝမ်းနည်းစိတ်ကိုထိန်းမရတော့။ ထိုလူလေးယောက်ဆိုလိုသည့် သဘောကို မဏိ နားလည်ပါသည်။ မဏိ၏ အသိုင်းအဝိုင်းအကြောင်းကို ပြောနေကြခြင်းပင်။ ပတ္တမြားနီနီပြောပြောနေသည့် စကားလည်းရှိသည်။ အဆင့်အတန်းမတူရင် ကယ်ကြီးအနေနဲ့ လက်ထပ်ယူလို့မရဘူးတဲ့။ ဒါကြောင့် ဟိုအသက်ကြီးကြီး လူလေးယောက်က ရောက်လာကြတာနေမှာ။ အမေ့ကြောင့်နှင့် ကယ်ကြီး အရှက်ရသွားရုံမက အခုတစ်ခါ မဏိကြောင့်ပါ စိတ်ရှုပ်နေရပြီထင်သည်။
""အာ့ ဆောတီး အသက်ငယ် ကိုယ်စိတ်ရှုပ်သွားလို့ မငိုနဲ့နော် ကိုယ်တောင်းပန်ပါတယ်နော်""
"'အဟင့် ဟင့်"'
""မှားပါတယ် နောက်မအော်တော့ဘူး တိတ် တိတ် ကိုယ့်အသက်ကို ဘယ်သူကငိုအောင်လုပ်တာ ရိုက်မယ် ကိုယ် ဆူလိုက်မယ်""
ပေါင်ပေါ်မှာ ထိုင်ငိုနေသည့် သူမ၏ ခါးကျဉ်းကျဉ်းလေးကို တိုးဖက်ရင်း ပါးအချင်းချင်းပူးကပ်စေလိုက်ကာ ဟန်သစ် ပြန်ချော့ရပါသည်။ အန်ကယ်ထွန်းလူတို့အုပ်စုကြောင့် စိတ်ရှုပ်ရတဲ့အထဲ အသက်ကပါ ငိုနေတာမို့ စိတ်မရှည်တော့ပဲ အော်မိသွားခြင်းပင်။ နည်းနည်းလေးမှ စကားမှားလို့မရ။ အခုပဲကြည့်။ စကားလွန်မိတာနဲ့ အသက်က ပါးတွေရဲတက်လာအောင် ငိုတော့တာပဲ။
"'အင့် အဟင့် သွားတော့မယ်"'
""ဟာ ဘယ်လဲ""
"'ရှင်ကြီးနဲ့မနေတော့ဘူး အင့် အမေနဲ့သွားအိပ်မယ် အဟင့် ဟီးး"'
""ဘာ!! မိန်းမနော် သတိလက်လွတ်နဲ့အော်မိတာပါကွာ တမင်ရည်ရွယ်ပြီးအော်တာမဟုတ်ပါဘူး ကိုယ်မှားပါတယ် ယောက်ျားမှားသွားပါတယ် ခွင့်လွှတ်ပါနော် နောက်ခါမငိုနဲ့ကွာ အသက်လေး ငိုတာကို နည်းနည်းမှမကြိုက်ဘူး ဒီလောက် မငိုအောင်ထားနေတာကို သူများရှေ့ဆို ပျော့ပြီးငိုတာလုံးဝသဘောမကျတာ ကိုယ့်မိန်းမက အမြဲ မာကျောနေရမယ်လေ""
![](https://img.wattpad.com/cover/346431068-288-k60283.jpg)
KAMU SEDANG MEMBACA
သူစိမ်းတို့ရဲ့အလယ်မှာ(COMPLETE)
Romansaမထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ ဆုံကြပြီး မှောက်မှားသွားကြတဲ့ သူတို့နှစ်ဦး။ ဒါပေမဲ့ သူ့ တာဝန်ရှိတယ်ဆိုပြီး မဏိသက်ကို တာဝန်ယူပေးလိုက်တဲ့ သွင်ဟန်သစ်က သူ့သားကို လက်ကမချတာပါ။ မိန်းမကိုလည်း ရှယ်ချစ်တာတွေမြင်ရ ဖတ်ရ စောင်ကိုက်ရမှာပါ။ ပြီးတော့ ခပ်မ...