1

1.4K 150 42
                                    


ထိုနေ့က နေသာသော နေ့တစ်နေ့ဖြစ်ခဲ့သည်။

ကောင်းကင်က တိမ်ကင်းစင်ကာ ပြာလဲ့၍ နေရောင်ချည်ဖျော့ဖျော့တို့ ဖြာကျနေကာ လေပြေနုလေးများလည်း တိုက်ခတ်နေခဲ့ဆဲ အချိန်ပင်။ 

ထိုခြံဝန်းကျယ်ကြီးထဲသို့ ဂျုံဆောင်း ကားကို အရှိန်သပ်ကာ ခပ်ဖြည်းဖြည်း မောင်းဝင်လာခဲ့ချိန်တွင် ခပ်လှမ်းလှမ်းမှ ဆော့ကစားနေသော ကလေးငယ်များ၏ အသံစာစာလေးများကိုလည်း ကြားရ၏။

အရွယ်စုံသော ကလေးများကို လှမ်းကြည့်လိုက်မိသည့်အခိုက်တွင် ဂျုံဆောင်း၏ ဆံစများကို လေပြေတစ်ချက်က တိုးဝှေ့သွားခဲ့သည်။

သူကားတံခါးကိုဖွင့်ကာ အထဲမှ ဆင်းလာခဲ့လိုက်၏။

" မင်္ဂလာပါ "

ရည်မွန်၍ အပြုံးချိုပုံရသော သက်ကြီးပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က လာရောက်ကြိုဆိုနှုတ်ဆက်သောအခါ ဂျုံဆောင်း တပ်ဆင်ထားသော အညိုဖျော့ဖျော့ နေကာမျက်မှန်ကိုချွတ်ကာ အရိုအသေပြန်ပေးလိုက်သည်။

" မင်္ဂလာပါ..ကျွန်တော် မလာခင်က ကြိုဆက်သွယ်ထားတဲ့ ပတ်ခ်ဂျုံဆောင်းပါဗျ "

ထိုအခါ ထိုအမျိုးသမီးကြီးက အကြင်နာတရားများပြည့်ဝသော အပြုံးလေးဖြင့် အသိအမှတ်ပြုတုန့်ပြန်၏။

" ဟုတ်ကဲ့...ဂျီဝန်း shi ရဲ့ မောင်ဖြစ်သူမလား..အဆက်အသွယ်ကို ကောင်းကောင်းလက်ခံခဲ့ရပါတယ် "

အမှန်တရားကို လက်ခံရန်ခက်ခဲနေဆဲအချိန်တွင် အစ်မဖြစ်သူ၏ နာမည်ကို ပြန်ကြားလိုက်ရသည့်အတွက် ဂျုံဆောင်းအကြည့်တို့က အနည်းငယ် မှိန်ဖျော့ကာ လှုပ်ရှားသွားခဲ့ရသည်။

သူ့အမူအရာကို ရိပ်မိသော ထိုအမျိုးသမီးကြီး၏ မျက်နှာထက်တွင်လည်း ဂရုဏာတရား ခပ်ပါးပါးတို့က ယှက်ပြေးလာခဲ့၏။

" မတော်တဆမှုအတွက် တကယ်စိတ်မကောင်းပါဘူး.. ဂျီဝန်းshi တို့ ဇနီးမောင်နှံလို အကြင်နာတရားပြည့်ဝတဲ့သူတွေမှာမှ ဒီလိုအဖြစ်မျိုးကြုံရတယ်လို့..သေချာပေါက် ခုချိန်ကောင်းကင်ဘုံမှာရှိနေမှာပါ "

Fatal ( ခေတ္တရပ်နား )Where stories live. Discover now