2

622 123 12
                                    


" ဒါက မင်းအခန်းပဲ.. ဘယ်လိုလဲ
သဘောတွေ့လား ? "

ဂျုံဆောင်းသည် အစ်မဖြစ်သူ နေ့မအား ညမအား ကြိုးစားပြင်ဆင်ခဲ့သော 11 နှစ်အရွယ် ကလေးတစ်ယောက်အတွက် အကောင်းဆုံးဖြစ်စေမည့် အရောင်အသွေးစုံလင်သည့် အခန်းလေးကို ဝေ့ဝဲကြည့်ပြီးနောက် ထိုကလေးအား ခပ်သာသာပြုံးပြလျှက် မေးလိုက်သည်။

ထိုအခါ ယခုထိ သူ့လက်တစ်ဖက်ကို မလွှတ်တမ်း လက်ချောင်းသေးသေးလေးများနှင့် ရစ်ပတ်ဆုတ်ကိုင်ထားဆဲဖြစ်သောကောင်လေးက မျက်လုံးဝိုင်းကြီးများနှင့် မော့ကြည့်လာလျှက် အမေးပြန်ထုတ်၏။

" သား တစ်ယောက်တည်းနေရမှာလား ? "

ဂျုံဆောင်းသည် အနည်းငယ် အဖြေပျောက်ရှသွားသကဲ့ ခံစားလိုက်ရပြီးသည့်နောက် အခက်တွေ့စွာ မျက်ခုံးစွန်းလေးကို လက်သည်းနှင့် ကုပ်ခြစ်မိသည်။

ကလေးငယ်ငယ်တစ်ယောက်အား ပျိုးထောင်ခြင်းတွင် အတွေ့အကြုံလုံးလုံးမရှိသော တစ်ကိုယ်တည်းသမားတစ်ယောက်အတွက် ထိုကလေး၏ စိတ်သဘောထားတို့ကိုလည်း သူမခန့်မှန်းတတ်။

ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ထုတ်မေးရုံကသာ သူ့အတွက် တစ်ခုတည်းသော နည်းလမ်းပင်။

" အင်း... ကြောက်လို့လား တစ်ယောက်တည်းနေရမှာ ? ဂေဟာမှာရော ဘယ်လိုနေခဲ့တာလဲ ? "

ထိုအခိုက်တွင် ထိုကလေး၏ မျက်နှာထက်၌ ရွှင်လန်းမှုအရိပ်အယောင်လေးတို့က ခေတ္တကွယ်ပျောက်နေသော်လည်း ရည်မွန်စွာပင် သူ့ကို ခေါင်းခါပြလာ၏။

" ဟင့်အင်း မကြောက်ပါဘူး
သားတစ်ယောက်တည်း နေရဲပါတယ် "

ထိုစကားကလည်း အမှန်တရားလား သို့မဟုတ် ဟန်ဆောင်ခြင်းလားဆိုတာ ဂျုံဆောင်း ကွဲကွဲပြားပြား ခွဲခြားနိုင်ခြင်းမရှိ။

ယခုချိန်တွင် ထိုကလေး၏ ပြုမူပြောဆိုပုံတို့သည်ပင် သူ့ထက်အများကြီး တည်ငြိမ်ရင့်ကျက်နေသည့်ဟန်မျိုး မြင်ရလေသည်။

" အင်းပါ..ကြောက်ရင် ရှေ့ကအခန်းကို လာခဲ့လို့ရတယ်..တံခါးဖွင့်ပေးထားမယ် "

Fatal ( ခေတ္တရပ်နား )Where stories live. Discover now