4

610 139 21
                                    

" ဟေး Uyuu ( အူယူ ) !
ဒီကိုလာခဲ့ လာ... လာ.. "

ညအစောပိုင်း 7 နာရီခန့်တွင် ဂျုံဆောင်း ဧည့်ခန်းမှ ဆိုဖာထက်တွင် လဲလျောင်း၍ ရုပ်ရှင်တစ်ကားကိုကြည့်ကာ အားလပ်ချိန်ကိုဖြတ်သန်းနေရင်းနှင့်မှ မလှမ်းမကမ်းတွင် ငုတ်တုတ်ထိုင်နေသော အမွေးပွလုံးကို snack အချို့နှင့်မြှားကာ ခေါ်လိုက်၏။

ထိုအခါ အတော့်ကို လိမ္မာရေးခြားရှိကာ လူယဥ်သည့် Uyuu က အမြီးလေးတနှံ့နှံ့နှင့် ဆိုဖာပေါ်မှတဆင့် သူ့ရင်ဘတ်ပေါ်သို့တိုင်အောင် တက်လာလေသည်။

မေးစေ့နားတွင် တရှုံ့ရှုံ့လုပ်နေသော နှုတ်သီးလေးရှေ့အား Snack အချို့ တိုးပေးလိုက်တော့ ညင်သာစွာ စားလာလေ၏။

" လိမ္မာလိုက်တာ.."

ဂျုံဆောင်း ထိုပွယောင်းနေပါသော အမွေးနုနုလေးများကို ခပ်ကြမ်းကြမ်း ပွတ်သပ်လှုပ်ကိုင်ပေးလိုက်သည်။

" ဦးငယ် ... "

ရုတ်တရက် ခေါ်သံလေးတစ်ခုက အပေါ်ထပ်မှဆင်းသည့် လှေကားနားမှ ထွက်ပေါ်လာသောအခါ ဂျုံဆောင်း လှဲနေရာမှ ခေါင်းထောင်ကာ ကြည့်လိုက်ပါ၏။

" အွန်း.. ဘာလို့လဲ ဂျောင်ဝန်း
ဦးငယ် TV ကြည့်နေတာ အသံကျယ်နေလို့လား "

ထိုအခါ ခေါင်းလေးယမ်းပြလာသည့် အကောင်ပေါက်လေးက စာအုပ်လေးတစ်အုပ်ကို ကိုင်ရင်း ဆိုဖာနားသို့ ချည်းကပ်လာလေသည်။

" ဒီ စာလုံးပေါင်း အသံထွက်လေးတွေ သားမသိလို့..ဦးငယ်ပြောပြပေးပါလား "

" ဟုတ်လား ? လာ..ပြကြည့်လေ
ကြည့်ပေးမယ် "

ဂျုံဆောင်းသည် ရင်ဘတ်ပေါ်မှ Uyuu ကိုချီကာ ဘေးတွင်ခဏ ချထားလိုက်ပြီးနောက် ထိုတူပေါက်စနလေး လာမေးသော စာလုံးပေါင်းများကို သေချာကြည့်ရှုပေးလိုက်၏။

" အာ.. ဒါလား ဒါက worried လို့ အသံထွက်ရတယ်.. အဓိပ္ပါယ်ကိုတော့သိတယ်မလား "

" ဟုတ် "

" လိုက်ပြောကြည့် worried လို့ "

" worried "

တော်သေးသည့် တစ်ချက်က ဂျုံဆောင်းသည် အတန်းထဲတွင်သာ အဆင့်ကောင်းများ တစ်ခါမှ မရဖူးသော်လည်း ငယ်စဥ်အခါက US ဘက်မှ နိုင်ငံအတော်များများကို ခရီးထွက်ခဲ့ဖူးသည့် အတွေ့အကြုံများကြောင့် English အခြေခံခိုင်၍ Accent လည်း ကောင်းသည့်အထဲ ပါလေသည်။

Fatal ( ခေတ္တရပ်နား )Where stories live. Discover now