7

622 142 22
                                    


သေချာဆေးကုသပြီးစီးကာ ပတ်တီးအဖွေးသားနှင့်ဖြစ်နေသည့် ခြေကျင်းဝတ်လေးကို ဂျုံဆောင်းသေချာကြည့်ရှုပြီးချိန်တွင် drip ချိတ်ထားသော ပိုက်ကိုလည်း တစ်ခါတည်းစစ်ဆေးလိုက်၏။

ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရရှိခဲ့သော်လည်း နာရီနှင့်ချီအောင် ညဘက် တောင်ပေါ်ထက် လမ်းပျောက်ခဲ့ရသည့် ကလေးအတွက် ဆေးသွင်းခြင်းနှင့် လိုအပ်သော ကုသမှုများ ပြုလုပ်ရန် အနီးစပ်ဆုံးဆေးရုံသို့ ဂျုံဆောင်း ခေါ်လာခဲ့ခြင်းဖြစ်သည်။

ကုတင်ပေါ်၌ ငြိမ်သက်စွာလှဲနေသော ကောင်ငယ်လေးကမူ ဘာမှအထွေအထူးမဖြစ်ခဲ့သည့်အလား သူ့ကိုအပြုံးလေးတစ်ခုနှင့်သာ ကြည့်နေလေ၏။

" အဆင်ပြေတာ တကယ်သေချာရဲ့လား
ခေါင်းတွေ ဘာတွေရော မူးသလိုမခံစားရဘူးလား "

မပြီးဆုံးနိုင်သော ဂျုံဆောင်း၏ စိုးရိမ်ပူပန်မှုများကြောင့် ဂျောင်ဝန်းကတော့ ပြုံးရယ်နေရုံလေးနှင့်သာ ခေါင်းလေးကို ခါယမ်းပြလာသည်။

" ကျွန်တော် တကယ်အဆင်ပြေပါတယ် ဦးငယ် "

ဘယ်လိုအခြေအနေမှာမဆို ဒီကလေးဆီက ပေါ့ပေါ့လျော့လျော့ဖြစ်စေရန် နှစ်သိမ့်စကားများကိုသာ ကြားရဖန်များလာသောအခါ ဂျုံဆောင်း သက်ပြင်းတစ်ချက်သာချမိသွားရ၏။

ထို့နောက် ငြိမ်သက်စွာ ဗိုက်ပေါ်တင်ထားသော ဖြူနုနု လက်လေးတစ်ဖက်ကို ဂျုံဆောင်း ဆုပ်ကိုင်ကာ ညင်ညင်သာသာလေး ပွတ်သပ်ပေးမိသည်။

ထို့နောက်တွင်မူ ထိုကလေး၏ အနည်းငယ် ဖြူဖျော့နေသော မျက်နှာလေးကို ကြည့်ရင်း..။

" ဦးငယ် တောင်းပန်ပါတယ် .. ဒီထက်ပိုပြီး မင်းကို အာရုံစိုက်ပေးခဲ့ရမှာကို "

ဂျောင်ဝန်းအနေနှင့်လည်း ဦးငယ်၏ အာရုံစိုက်မှုများကို သူပို၍ လိုအပ်သည်ဟု ခံစားရသည်ပါပင်။

ထို့ကြောင့် စေ့ပိတ်ထားသော နှုတ်ခမ်းလေးတို့ကို မလှုပ်ရှားဘဲ ဂျောင်ဝန်း ဦးငယ်၏စကားတို့ကိုသာ ငြိမ်သက်လျှက် နားထောင်နေပေးခဲ့ပါသည်။

" ပြီးတော့ အဲ့ဒီအတန်းဖော်ကလေးတွေအတွက်ကိုလည်း ထပ်ပြီးစိုးရိမ်နေစရာမလိုဘူး.. ကျောင်းစည်းကမ်းထိန်းသိမ်းရေးနဲ့ ဆွေးနွေးပြီး သေချာပေါက် တစ်ကျောင်းတည်းဆက်မတက်ရတော့အောင် လုပ်ပေးမှာမို့ "

Fatal ( ခေတ္တရပ်နား )Where stories live. Discover now