" ဂျုံဆောင်း ah.. ဝိုင်ရော သောက်ဦးမလား
ကမ်းခြေမှာဆို သေချာပေါက်ဝိုင်က မပါမဖြစ်ဘဲထင်တယ် "" အွန်း.. မှာရင်မှာလိုက်လေ "
ဂျုံဆောင်း ဘေးဘက်မှ ဆိုဟီး၏ စကားတို့ကို သိပ်အာရုံမရစွာ တုန့်ပြန်လိုက်ပြီးနောက်တွင် မိမိပန်းကန်ထဲမှ lobster တစ်ကောင်ကို အသားရအောင်နွှင်ယူရေး၌သာ သေချာအားစိုက်လိုက်ပါ၏။
အဆုံးတွင်တော့ ဓါးတစ်ဖက် ခက်ရင်းတစ်ဖက်နှင့် ခက်ခက်ခဲခဲ နွှင်ယူပြီးမှ ရရှိလာသော အသားထူပြည့်ပြည့်တို့အား မျက်နှာချင်းဆိုင်မှ ကလေး၏ ပန်းကန်ထဲသို့ သေချာလေး လွှဲပြောင်းကာ ထည့်ပေးလိုက်ပါသည်။
" ဂျောင်ဝန်း အစားကို သေချာအာရုံစိုက်ပြီးစားနော်.. ပင်လယ်စာတွေကို သေချာမသိဘဲ နှိုက်မစားနဲ့.. ဦးငယ် နွှင်ထည့်ပေးတာကိုပဲစား "
" ဟုတ် "
ထိုအခါ မေးစေ့အား စားပွဲပေါ်တွင် လက်တစ်ဖက်ထောက်ကာ တင်လျှက် သူတို့နှစ်ဦးကြားမှ အခြေအနေကို စောင့်ကြည့်နေခဲ့သူ ဆိုဟီးက ခပ်သာသာမေးလာခဲ့လေ၏။
" ဘာလို့လဲ.. ဂျောင်ဝန်းက ပင်လယ်စာ အလာ့ဂျစ်ရှိလို့လား "
" အွန်း.. အကုန်လုံးနဲ့တော့ မဟုတ်ပေမယ့် အချို့အချို့နဲ့တော့ မတည့်ဘူး "
နားလည်သဘောပေါက်သွားဟန်နှင့် ခေါင်းလေးတဆတ်ဆတ် ညိတ်ပြလာခဲ့သော ဆိုဟီးသည် ထို့နောက်တွင် သက်ပြင်းလေးချလျှက် အနည်းငယ် ဖျော့တော့သော လေသံလေးနှင့် ရေရွတ်လာခဲ့ပါသည်။
" ကလေးတစ်ယောက်ကို ပျိုးထောင်ရတာလည်း မလွယ်ဘူးနော်.. အဖေအမေအရင်းတွေအတွက်တောင် ခက်ခဲတာ.. နင့်လိုမွေးစားဦးလေးဆို ပိုခက်ခဲခဲ့မှာပဲ "
ရုတ်တရက်တွင် အသားဖဲ့တို့အား ထိုးစိုက်နေပါသော ဂျောင်ဝန်း၏ ခက်ရင်းဖျားလေးသည် ရပ်တန့်သွားခဲ့ရလျှက် တဖြည်းဖြည်း မြင့်တက်လာသည့် အကြည့်လေးတို့က ဂျုံဆောင်း မျက်ဝန်းများထိတိုင်အောင် ရောက်ရှိလာခဲ့ပါ၏။
ဂျုံဆောင်းသည် ဆိုဟီးအား အသိပေးထားသော အကြောင်းအရာအလုံးစုံကို ဂျောင်ဝန်းနှင့် ပွင့်ပွင့်လင်းလင်း မပြောဆိုရသေးသည့်အတွက် ရုတ်တရက် ကြားထဲ၌ နေရခက်သွားရကာ ထိုအကြည့်လေးများကို ရင်မဆိုင်နိုင်စွာ ဟိုဒီရှောင်လွှဲမိပါသည်။
YOU ARE READING
Fatal ( ခေတ္တရပ်နား )
Romanceအချိန်တွေသာ နောက်ပြန်လှည့်လို့ရရင် သူအဲ့ကလေးနဲ့ မဆုံခဲ့ဖို့ မျှော်လင့်ပါတယ်