အခန်း - ၁၈ ( U + Z )

18.2K 819 66
                                    

Unicode

"ဟင့်အင်း .. ဆု မကြားချင်ဘူး မေ .. ဆု ကိုမပြောပါနဲ့"

"မပြောလို့မရဘူး သမီး .. သမီး နားထောင်ရမယ် ဒါမှ သမီးလည်း စိတ်ရှင်းသွားမှာ မေမေ ပြောတာ နားထောင်"

"ဟင့်အင်း မေ .. ဆု နားမထောင်ချင်ဘူး မပြောပါနဲ့ အဒေါ်ကြီးနဲ့ သူနဲ့ ခိုးရာလိုက်ပြေးခဲ့ဖူးတာမလား ဆု သိပြီမို့ နားမထောင်ချင်ဘူး မပြောပါနဲ့"

"မဟုတ် .."

"ဆု ပြန်တော့မယ် မေ နောက်တစ်ခေါက်မှပဲ အေးဆေးလာခဲ့တော့မယ်"

မိဘအိမ်ရောက်သည်မှာ နာရီပိုင်းတောင် မရှိသေး ဆု ချက်ချင်းပင် ထ ထွက်သွားလေသည် ။ ဒေါ်သစ္စာ ၏ ခိုးပြေးဖူးတယ် ဆိုသည့် စကားဟာ ဆု နားထဲသို့ ပဲ့တင်ထပ်လာသည် ။

ယိုင်နဲ့နေသည့် ခြေလှမ်းတွေကို အားယူကာ တစ်ဦးတည်း အတွေးများစွာဖြင့် ခြေလျင် လျှောက်လာမိသည် ။

"ခိုးပြေးဖူးတယ် တဲ့လား ဒါဆို ငါ့ကို .. ငါ့ကို သူက .."

အမျိုးသားတစ်ဦးနှင့် ခိုးရာလိုက်ပြေးဖူးသည့် တင်မမမောင် သည် ဆု ကို ဘာကြောင့် လက်ထပ်သနည်း ။ ထိုအကြောင်းအရာကို ဆု မစဉ်းစားတတ်တော့ပေ ။

တင်မမမောင် သည် ဆု ထံသို့ဖုန်းခေါ်သော်လည်း မကိုင်ပေ ။ ဒေါ်သစ္စာ အိမ်သို့ အလည်သွားသည် ဟု ဖုန်းဆက်ပြောသောကြောင့် တင်မမမောင် ၏ ကားလေးသည် ဦးမင်းသန့် ခြံထဲသို့ ဝင်သွားလေသည် ။

"ယူ ရောက်လာတာနဲ့ အတော်ပဲ တို့ ပြောစရာရှိလို့ ထိုင်"

"ဘေဘီ ရော သစ္စာ"

"ပြန်သွားလေရဲ့"

"တို့ အပြန်ဝင်ခေါ်မယ်လို့ပြောထားရဲ့သားနဲ့"

"အဲ့ဒါ အရေးမကြီးဘူး တင်မမ အခု အရေးကြီးတာပေါ်လာပြီ တို့ ပြောတာကို သေချာနားထောင်"

"ဘာများလဲ"

ဧည့်ခန်းမကြီးထဲတွင် နှစ်ဦးသား မျက်နှာချင်းဆိုင် ထိုင်ကြလေသည် ။ ဒေါ်သစ္စာ သည် သက်ပြင်းကို ခပ်ယဲ့ယဲ့လေးချသည် ။ ထို့နောက် ..

"စိုင်းလွှမ်းနဲ့ယူနဲ့ တွဲရိုက်ထားတဲ့ ပုံကို သမီး တွေ့သွားတယ်ထင်တယ်"

Mommy Wife (Completed)Where stories live. Discover now