အခန်း - ၁၀ ( U + Z )

32.2K 1.2K 127
                                    

Unicode

တင်မမမောင် ဟာ ဆု ကို ပွေ့ချီလျှက်အခန်းထဲသို့ခေါ်လာသည် ။ အခန်းတံခါးအား အသာဖွင့်ကာ အိစက်နေသော မွေ့ယာကြီးပေါ်သို့ နှစ်ယောက်အတူလှဲချလိုက်လေသည် ။

တင်မမမောင် သည် ဆု အား အပေါ်မှာအုပ်မိုးကာ နှုတ်ခမ်းပါးအား ဖွဖွလေးကိုင်သည် ။ မျက်ဝန်းများ မှိတ်ထားသည့် ဆု ၏ မျက်နှာလေးသည် ညှို့ယူနိုင်စွမ်းရှိလှသည် ။

"အန် .. အန်တီ"

"မာမီလို့ခေါ်"

"မာမီ... ဆု ကြောက်တယ်"

"မာမီ့ ကို ယုံတယ်မဟုတ်လား"

"အင်း..."

လရောင်ဖြာသော ကောင်းကင်အောက် မှ သင်္ဘောကြီးပေါ်တွင် ရှိနေသော ထို အမျိုးသမီးနှစ်ဦးဟာ ပထမဦးဆုံးညကို နူးညံ့စွာ ဖြတ်သန်းကြလေတော့သည် ။

ဆု သည် တင်မမမောင် ရင်ခွင်ထဲတွင် အိပ်စက်နေလေသည် ။ ချစ်စရာကောင်းသည့် ကလေးမလေးကို တင်မမမောင် ပိုင်ဆိုင်ရသည် မှာ ဘုရားပေးသည့် ဆုလာဘ်တစ်ခုလိုပင်။

သူမလေး၏ လက်ကို ဆွဲကာ မိသားစုဘဝ ကိုထူထောင်မည်ဟု ဆုံးဖြတ်ထားလေသည် ။ ရင်ခွင်ထဲတွင် အိပ်စက်နေသော ထိုကလေးလေး၏ နှာဖူးအား နမ်းရှိူက်ပြီးနောက် တင်းကြပ်စွာပွေ့ဖက်လျှက် တင်မမမောင် သည်လည်း ကြည်နူးဖွယ်ကောင်းသော ထိုညလေးကို အိပ်စက်ခြင်းဖြင့် နှုတ်ဆက်လေတော့သည်။

~
ကောင်းကင်ပေါ်တွင် ဝဲနေသော ဇင်ယော်ဌက်ကလေးများသည် အိပ်တန်းထကြကုန်၏။ ထွက်ပေါ်လာသော နေဝန်းနီကြီးသည်လည်း တောက်ပမှုကို ပေးစွမ်းနေလေသည် ။

နှစ်ဦးသား ဖက်လျှက်အိပ်စက်နေသော အမျိုးသမီးလေး နှစ်ယောက်သည် ထွက်ပေါ်လာသော နေဝန်းနီကြီးနှင့်အတူ နိုးထကြလေသည် ။

"အင်း..."

မျက်လုံးမဖွင့်ပဲ အကြောဆန့်နေသည့် ချစ်စရာကောင်းသည့် အပြုအမူလေးကြောင့် တင်မမမောင် သည် ဆု ၏ နှာဖူးလေးအား အနမ်းပေးလေသည် ။

"မောနင်း ဘေဘီလေး"

တင်မမမောင် ရင်ခွင်ထဲရောက်နေသော ဆု သည် သူမ၏ မျက်လုံးလေးအား အသာလှပ်ကြည့်ပြီးနောက် ခြုံထားသည့်စောင်အား ဆွဲတင်ကာ ခန္တာကိုယ်တစ်ခုလုံးအား စောင်ဖြင့်ရစ်ပတ်လိုက်လေသည် ။

Mommy Wife (Completed)Where stories live. Discover now