"မက်သရူးက ပိုက်ဆံနဲ့ စာလေးပို့လိုက်တယ် ထယ်ရယ်လေး....စစ်စတာကြီးကိုရေးပေးထားတဲ့စာထဲမှာတော့ နောက်အပတ်ထယ်ရယ်လေးမွေးနေ့ကို လုပ်ပေးစေချင်တယ်လို့ပြောထားတယ် .."
စစ်စတာကြီးက တစ်နေရာတည်းသို့စိုက်ကြည့်နေသည့် ထယ်ရယ့်အားပြောလာသည်။ မက်သရူးဆိုတဲ့အသံကြားမှလှုပ်ရှားလာသည့် ကိုယ်လေး။ ထယ်ရယ့်လက်ထဲကို စာလေးထည့်ပေးလိုက်တော့ ထယ်ရယ့်လက်တို့က စမ်းကာ ထိုစာရွက်ကို ဆုပ်ကိုင်လို့ထားသည်။ ခပ်နွမ်းနွမ်းဖြစ်နေသည့် မျက်နှာက ယူမီလေးသေသွားလို့ပဲဖြစ်ပါလိမ့်မည်။
"မက်သရူးလေးအဆင်ပြေတယ်ထင်တယ် .... ကလေးတွေအတွက်အဝတ်အစားတွေရော၊ မုန့်တွေရော၊ လိုအပ်တာတွေပါ ပို့ပေးလိုက်တဲ့အပြင် ထယ်ရယ့်အတွက်ပါသပ်သပ်ထည့်ပေးလိုက်တာလေ၊ ဒီအတိုင်းဆို ထယ်ရယ်လေး သူငယ်ချင်းလေးမကြာခင်ပြန်လာမယ်ထင်ပါရဲ့.... "
စစ်စတာကြီး စကားတို့အား ထယ်ရယ်ခေါင်းပဲငြိမ့်ပြလိုက်သည်။စစ်စတာကြီးက ပြောစရာရှိတာပြောပြီး ပြန်ထွက်လို့သွားသည်။ ထယ်ရယ် စာကို ဖတ်ဖို့ပြင်လိုက်သည်။ထယ်ရယ်တို့လို မျက်စိမမြင်ရသူတွေဖတ်လို့ရတဲ့ sign တွေနဲ့ရေးပေးထားတဲ့စာ။ သူအဆင်ပြေကြောင်းနဲ့ နောက်သိပ်မကြာခင် ထယ်ရယ့်မျက်လုံးတို့ကို ပြပေးဖို့လာခေါ်မယ်ဖြစ်ကြောင်း ရေးလို့ထားတာဖြစ်သည်။ သူ့ကိုရော၊ ယူမီ့ကိုရော၊ ဂေဟာက ကလေးတွေကိုပါ လွမ်းကြောင်း ရေးထားတာမို့ ထယ်ရယ်ဖတ်လို့ မျက်ရည်ကျမိသည်။ မင်းတစ်နှစ်က မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ ယူမီလေး မရှိတော့ဘူးဆိုတာ ငါပြောပြချင်လိုက်တာ မက်သရူးရာ။
"ထယ်ရယ်.... "
နောက်က ရှန့်အသံကြောင့် ထယ်ရယ် မျက်ရည်တို့အားသုတ်လိုက်မိသည်။ ရှန်လည်း အခုတလော ဘာတွေအလုပ်ရှုပ်နေသည်မသိ။ ခနခနအပြင်သို့ထွက်လို့သွားတတ်သည်။ ရှန်လည်း ခနတာလာတည်းခိုတဲ့ ၕည့်သည်မို့ အချိန်တန်အိမ်ပြန်ရမှာသိသည်။ အခုလည်း အပြင်ကနေပြန်လို့လာခြင်းပင်။ ဒီလိုဆိုတော့လည်း သူ့အနားမှာနေပေးနိုင်တဲ့သူမရှိဘူးပဲ .....
![](https://img.wattpad.com/cover/360674314-288-k461977.jpg)
YOU ARE READING
Still With You [ COMPLETED ]
Fanfictionမင်းက နေကြာပန်းလေးတွေလို ကံကောင်းမှုအပြည့်နဲ့ အမြဲပျော်ရွှင်နေရင်သိပ်ကောင်းမယ် _ Shen _