Air-con အမြင့်ဆုံးဖွင့်ထားတဲ့ အေးစက်နေတဲ့ အခန်းထဲက ခုတင်ထက် ထယ်ရယ် မလှုပ်မယှက်ထိုင်လို့နေမိသည်။ ရှန့်ကိုရှာနေတာ 24နာရီ ပြည့်သွားပေမဲ့ အခုထိမထူးသေးတဲ့အခြေအနေကြောင့် ထယ်ရယ် စိတ်ရော၊လူရော ပင်ပန်းနေပြီဖြစ်သည်။ အခန်းတံခါးဖွင့်သံကြောင့် မော့ကြည့်မိတော့ ဟျောင်း။
"အခန်းက အေးစက်နေတာပဲ ထယ်ထယ် ...နေမကောင်းဖြစ်လိမ့်မယ် ..."
ဂျီအွန်းပြောပြီး ကိုယ်တိုင်ပဲ အအေးဓာတ်အား လျော့ပေးလိုက်ရင်း ခုတင်ထက် မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။ ထယ်ရယ်က ဂျီအွန်းအားကြည့်ရင်း ....
"ဘာထူးသေးလဲ ဟျောင်း .... "
ဟျောင်းက ခေါင်းခါပြရင်း ...
"အားကုန်သုံးပြီး နေရာအနှံ့ပိုက်စိပ်တိုက်ရှာနေကြတယ် ... သေသွားပြီဆို အလောင်းပေါ်ရမှာ ... အခုထိအလောင်းရှာမတွေ့သေးရင် ...ရစ်ခီ အသက်ရှင်နေလို့ပဲ ...သူ အသက်ပြင်းတာသိတယ်မလား ... "
ဟျောင်းကပြောပြီး ထယ်ရယ့်ပါးပြင်ထက်က မျက်ရည်တို့အား သုတ်ပေးလို့လာသည်။ ထယ်ရယ် ခေါင်းငြိမ့်ပြလိုက်ရင်း .....
"မက်သရူးရော ဟျောင်း.... အခုပြန်လာတော့ ဘယ်သူနဲ့ထားခဲ့လဲ ..."
"ဟန်ဘင်းစောင့်ပေးနေတယ် .... ခွဲစိတ်တာအောင်မြင်တယ်..သတိရလာဖို့ပဲ ကျန်တော့တယ် ... "
ဟျောင်းက ကြမ်းပြင်ထက်စိုက်ကြည့်လို့နေရင်းပြောသည်။ ထယ်ရယ်က ဟျောင်းလက်အားဆွဲလို့ယူရင်း ...
"ဟျောင်း .....တစ်ချို့အရာတွေက လက်လွှတ်လိုက်ရပြီးမှ...နောင်တရစရာကောင်းမှန်း သိလာတတ်ကြတယ် ... ဟျောင်း ဘာတွေတွေးနေလဲ ကျွန်တော်မသိပေမဲ့ တစ်ခါလောက် ကိုယ်နှလုံးအလိုအတိုင်း လိုက်ကြည့်ပါ့လားဟင် ... အဲနေ့က မက်သရူးကပြောတယ် သူ့အတွက်ရှိနေပေးတဲ့ ဟန်ဘင်းဟျောင်းလိုလူကို လက်မခံနိုင်လောက်သည်အထိ သူ တစ်စုံတစ်ယောက်ကိုပဲ မျှော်နေခဲ့တာတဲ့ ... "
ထယ်ရယ့်စကားကြောင့် ဂျီအွန်း ထယ်ရယ်အားကြည့်လိုက်ပြီး ...
YOU ARE READING
Still With You [ COMPLETED ]
Fiksi Penggemarမင်းက နေကြာပန်းလေးတွေလို ကံကောင်းမှုအပြည့်နဲ့ အမြဲပျော်ရွှင်နေရင်သိပ်ကောင်းမယ် _ Shen _