အမှတ်တရ

287 54 10
                                    

            
           "အိပ်ချင်သွားအိပ်တော့လေ မြေးလေး ... သားရဲ့ကိုကို ကို စောင့်နေတာဆို တခြားသူတွေစောင့်ပေးလိမ့်မယ် သူတို့ကအဲလိုပဲနောက်ကျတတ်တယ်.... "

ပုခုံးထက်အသာအယာနှိပ်ပေးနေတဲ့ လက်တို့အား ခပ်ဖွဖွထိကာ ပြောလာတဲ့ဘွား။မက်သရူးပြုံးလိုက်ရင်း .....

        "အဲဒါဆို သား သွားနားတော့မယ်နော် ဘွားးး ကောင်းကောင်းအိပ်ပါ ဒီနေ့အတွက်လည်းကျေးဇူးတင်ပါတယ် .... "

မက်သရူးဘွားကိုနှုတ်ဆက်ပြီးတာနဲ့ အခန်းထဲဝင်လာခဲ့သည်။ အိပ်မပျော်သေးတာမို့ သီချင်း​ရေးနေကျ စာအုပ်လေးအား အသာထုတ်ကာ စာသားအချို့ကိုရေးနေမိသည်။ မက်သရူးကသီချင်းဆိုရတာဝါသနာပါပြီး ထယ်ရယ်က  ဂီတာတီးပေးရတာ ဝါသနာပါသည်။ထို့ကြောင့် မက်သရူးတို့ တနဂ်နွေနေ့တိုင်း ဂေဟာက ကလေးတွေကို သီချင်းဆိုပြဖြစ်သည်။ လွမ်းလိုက်တာ ထယ်ရယ့်ကိုရော ကလေးတွေကိုရော။ စိတ်ချပါထယ်ရယ် ငါ ဘွားကိုလည်းကောင်းကောင်းပြုစုပေးပြီး တစ်လပြည့်တဲ့အခါ မင်းဆီကိုအရောက်ခေါ်လာပေးပါ့မယ်။ မက်သရူး အတွေးတို့ များနေတုန်း အောက်က ကားသံကြောင့် အောက်ထပ်ဆင်းလာခဲ့သည်။ ထိုအခါအိမ်ထဲသို့ဝင်လာသည့် ကိုကိုနဲ့တိုးသည်။

          "မအိပ်သေးဘူးလား ထယ်ထယ် .... "

ကိုကို့အမေးကြောင့် မက်သရူးခေါင်းငြိမ့်ပြလိုက်ရင်း ကိုကို့ကို အကြည့် တစ်နေရာအရောက်မှာ မက်သရူးမျက်လုံးတို့ပြူးလို့သွားသည်။

          "ကိုကို ဒဏ်ရာရလာတာလား ..... "

မက်သရူးကိုကို့ဘေးရောက်သွားရင်း ကိုကို့လက်မောင်းကိုအသာကိုင်ကာ မေးလိုက်တော့ ...

        "မင်းနဲ့မဆိုင်ဘူး မဆိုင်ရင်မဆိုင်သလိုနေ အိပ်တော့ .... ကင်မ်ထယ်ရယ် .... "

ပုတ်ထုတ်ခံလိုက်ရတဲ့ လက်နဲ့အတူ အအော်ခံလိုက်ရတာကြောင့် မက်သရူး မျက်ဝန်းလေးတွေအလန့်တကြားဝိုင်းလို့သွားသည်။

       "တောင်း တောင်းပန်ပါတယ် ...... "

မက်သရူးပြောလိုက်ရင်း အပေါ်ထပ်အခန်းရှိရာဆီပြေးတက်လို့သွားတော့သည်။ကျန်ခဲ့သည့်ဂျီအွန်းမှာ စုတ်တစ်ချက်သပ်လိုက်ရင်း ...အခန်းထဲဝင်လာခဲ့လိုက်သည်။ အပေါ်အက်ျီတို့အား ချွတ်ကာ shirt less နဲ့ပင် ဒဏ်ရာဆေးကြောဖို့ဝင်ခဲ့လိုက်သည်။ ရေချိုးခန်းထဲကပြန်ထွက်လာတော့  mail တစ်ခုဝင်နေတာမို့ ကြည့်လိုက်သည်။ Ricky ဆီကဖြစ်နေပြီး သူအဆင်ပြေတဲ့အကြောင်းကြားမှတစ်ပူငြိမ်းရသည်။ Bin ဆီလည်း ပို့ထားကြောင်းပြောပြီး အဲဘက်မှာသူစုံစမ်းရထားသမျှ တစ်ဖက်အဖွဲ့အစည်း၏ အချက်အလက်တို့ပါ ပို့ထားပေးသည်။သူအဲဒါတွေကို ထိုင်ဖတ်နေမိတာ  ရေချိုးပြီးကတည်းကဖြစ်ပြီး Binနဲ့အတူ နောက်ရက်အတွက် plan ပါကြိုဆွဲထားလိုက်သည်။ ကိစ္စတွေပြီးခါမှ  ဒဏ်ရာကိုဆေးထည့်ပြီး အက်ျီတစ်ထည်ကောက်ဝတ်လိုက်သည်။ ပြီးမှ အောက်ထပ်တစ်ခုခုဆင်းစားဖို့ အခန်းထဲက ထွက်လာခဲ့လိုက်သည်။
      
         သူအခန်းထဲကထွက်တော့ မြင်လိုက်ရတာက အခန်းတံခါးဘေးနံရံမှာ ဆေးဘူးပိုက်ပြီး ငုတ်တုပ်လေးအိပ်ပျော်လို့နေသည့် မက်သရူးဆိုသည့်ကောင်လေး။ သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိုကောင်လေးအား ပွေ့ယူလိုက်တော့နိုးမလာ။အိပ်ပုတ်လေးပဲ။အဲဒါနဲ့သူပဲ ထိုကလေးအခန်းထဲအထိရောက်အောင် ပွေ့ချီ ပို့ပေးရသည်။ အိပ်ရာထက် ငြိမ်းငြိမ်းချမ်းချမ်းအိပ်နေပုံက ပီဘိကလေးတစ်ယောက်လိုပင်။ ထယ်ထယ်ရဲ့လက်ပတ်နဲ့ တွေ့လိုက်ရတဲ့ကောင်လေးကို စစတွေ့ချင်းက ထယ်ရယ်လို့ထင်ခဲ့ပေမဲ့ ပြီးကျ ထယ်ရယ်လိုပါးချိုင့်မပါတာသတိထားမိတာမို့  မဟုတ်မှန်းတန်းသိခဲ့ပါသည်။
        
           ဒါပေမဲ့ ဒီလက်ပတ်ကို ဘယ်လိုရသလဲ။ထယ်ရယ်နဲ့တွေ့ဖူးတာလား အစရှိသဖြင့် သူဘာမှမမေးရသေး။အဘွားကလည်း အိပ်ရာထဲလဲနေကတည်းကနေ ဒီကောင်လေးရောက်လာမှ ပြန်ထူထူထောင်ထောင်ဖြစ်လာတာမို့ ပစ်ပစ်ခါခါမလုပ်ရက်တာလည်းပါသည်။နောက်ပြီး ထယ်ရယ်အနေနဲ့ဟန်ဆောင်ထားပေမဲ့ ပေါ်ပေါ်ထင်ထင်သုံးဖြုန်းနေတာမျိုးမရှိဘဲ သူ့ဟာသူအဘွားနားသာကပ်ပြီးပြုစုပေးနေတာကများသည်လေ။ ဂျီအွန်းတွေးနေတုန်း ခုတင်ထက်ကကောင်လေးက လှုပ်လှုပ်ရှားရှားနဲ့အတူ မျက်နှာရှုံ့မဲ့ကာ
ညည်းလိို့လာသည်။

Still With You [ COMPLETED ]Where stories live. Discover now