ညနေကတည်းမှိုင်းညို့ပြီး အဆက်မပြတ်ရွာနေတဲ့မိုးက မညှာမတာနဲ့ တော်တော်နဲ့တိတ်မယ်မထင်။မိုးခြိမ်းသံတွေကလည်း ဘယ်လိုအညှိုးနဲ့များခြိမ်းနေတယ်မသိ... တစ်ခါခြိမ်းတိုင်း တစ်ခါလန့်နေရတာတော့မဟုတ်သေးဘူးထင်သည်။ ညဒီလိုမိုးရွာမယ်ဆို သေချာပေါက် မီးပျက်မယ်ဆိုတာ ကြိုသိတဲ့ စစ်စတာကြီးက သူ့အနီးနားက စားပွဲပေါ်မှာ မီးအိမ်လေးထားခဲ့တယ်လို့ပြောတာမို့ လက်နဲ့စမ်းယူရင်း ခလုတ်ကိုရှာကာဖွင့်လ်ုက်သည်။ သူ့လိုလူအတွက်မှောင်ခြင်းလင်းခြင်းက ဘာမှအဓိပ္ပာယ်မရှိပေမဲ့ အိပ်ခါနီးအထိ ဒီအတိုင်းထွန်းထားလိုက်ပါသည်။ ထိုအချိန် သူ့ခြေရင်းနားမှာခွေရင်းဇိမ်ယူနေတဲ့ ယူမီလေးက ရုတ်တရက် ထဟောင်ကာ ပြေးသွားသံကြားတာမို့ သူလည်း လမ်းလျှောက်တဲ့တုတ်ယူကာ ယူမီ့ဟောင်သံနောက်ကိုလိုက်ရတော့သည်။လူစိမ်းမြင်မှ ဟောင်တတ်တဲ့ ယူမီလေးက အခုလည်းသေချာပေါက် လူစိမ်းမြင်လို့နေမှာပင်။ ရွာနေတဲ့မိုးကြား ထီးကိုလည်းလိုက်စမ်းကာ ရှာမနေနိုင်တော့ပဲ ဒီအတိုင်းပဲထွက်လာခဲ့လိုက်သည်။
"ယူမီ .... ကိုကို့ ကိုစောင့်အုံး ... ဖြည်းဖြည်းသွား ..."
ထယ်ရယ်ပြောလိုက်တဲ့အခါမှ သူ့အတွက် သွားနေကြ ခြံဝင်းထဲကလမ်းတစ်လျှောက် ယူမီက သူ့ကိုစောင့်ကာ သွားပေးနေသည်ထင်သည်။ ဘေးကနေတအီအီနဲ့ အသံပေးကာနေသည်။ ထို့နောက် ယူမီ့အသံမကြားတော့တာမို့ သူရပ်လိုက်ရင်း ဘေးကိုဖြည်းဖြည်းချင်း စမ်းလိုက်သည့်အခါ သံပန်းတံခါးကို စမ်းမိတာမို့ ...ဒါခြံဝနားကိုရောက်နေပြီထင်သည်။ ထိုအချိန်ယူမီက ထိုးဟောင်တာမို့ ....
"ယူမီ ဘာလို့လဲ ... ဘယ်သူလဲ .... လူရှိတာလား..."
"အင်းးးး အ့ ကူ ညီ ပေး ပါ ..... "
" ဟင် ! .... ဘယ် သူ လဲ ... ခန ခနလေး ..."
ထယ်ရယ်ထိုင်ချလိုက်ရင်း လက်ကိုရှေ့ထုတ်ကာ စမ်းတော့ သူ့လက်ကို ဖြတ်ခနဲ ဆုပ်ကိုင်လာတာကြောင့် လန့်ပြီး ကိုယ်လေးတုန်သွားရသည်။
"ကျေး ကျေးဇူးပြုပြီး ကူ ညီ ပေး ပါ.... "
"ဒဏ်ရာ ရထားတာလားဟင် ခန ခနလေးပါနော် ....."
YOU ARE READING
Still With You [ COMPLETED ]
Fanficမင်းက နေကြာပန်းလေးတွေလို ကံကောင်းမှုအပြည့်နဲ့ အမြဲပျော်ရွှင်နေရင်သိပ်ကောင်းမယ် _ Shen _