သာယာတဲ့နေ့လေးတစ်နေ့ဖြစ်ရ်ျ သွန်ခတစ်ယောက်လက်ထဲမှာဖိတ်စာတစ်စောင်ကိုင်ကာခပ်ကြွကြွခြေလှမ်းတွေနှင့်အတူတတ်ကြွစွာလျှောက်လှမ်းမိသည် လာမည့်Sundayတွင် သွန်ခ၏မွေးနေ့ဖြစ်သဖြင့် ဘေးအိမ်ကကောင်လေးဆီသို့မွေးနေ့ဖိတ်စာသွားဖိတ်ရန်ခြံရှေ့သို့ထွက်လာခဲ့လိုက်ခြင်းပင် ဘေးအိမ်မှာအမြဲတိတ်ဆိတ်နေရ်ျလူရှိသည်လော မရှိသည်လော သွန်ခတစ်ယောက်မသိပါဖိတ်စာဖိတ်ရန်သာလောကြီးနေမိသည်။
လူကိုယ်တိုင်မွေးနေ့ပွဲကိုဖိတ်ချင်သဖြင့်စိတ်လောကိုယ်လောနှင့်ထွက်လာခဲ့လိုက်တာ ဘေးအိမ်ရဲ့ခြံတံခါးရှေ့သို့အရောက်မှာ့ တံခါးသည်သော့ခတ်ကာစေ့စေ့ပိတ်ထားလေသည် ဘယ်သူမှလဲမရှိရ်ျဖိတ်စာကိုတံခါးတွင်ညှပ်ထားခဲ့မည်ဆိုလဲမဖြစ်ပါ တော်ကြာလမ်းထဲက ကလေးတွေယူသွားတာဖြစ်ဖြစ် ဟိုကောင်လေးမတွေ့ပဲ တခြားအိမ်သားတွေပဲတွေ့သွားမည်ကိုလဲစိုးရိမ်ရသေးသည်။
သို့နှင့်သွန်ခတစ်ယောက်ဖိတ်စာတစ်စောင်ကိုင်ကာ စောနကနှင့်မတူလေးလံနေသည့်ခြေလှမ်းများနှင့်သာအိမ်သို့ပြန်လာခဲ့လိုက်သည်
အိမ်ခြင်းမှာကပ်နေသောလဲ သွန်ခတစ်ယောက်တွေးရင်းစဉ်းစားရင်းဖြင့်သာအချိန်ဆွဲပြီးလျှောက်လာမိသည် အိမ်သို့အရောက်တွင်"သား ဘေးခြံကိုမွေးနေ့ပွဲသွားဖိတ်တာဆို ဒီဖိတ်စာကဘယ်လိုလုပ်ပြန်ပါလာတာလဲ"
"ဘေးအိမ်ကသော့ခတ်ထားတယ်မာမီလူမရှိဖူးထင်တယ်"
"အဲ့တာဆိုလဲ တခြားသူငယ်ချင်းတွေကိုအရင်ဖိတ်ထားလိုက်ပေါ့သားရဲ့"
အခြားသူငယ်ချင်းတွေဆိုမှသွန်ခလဲ ကျောင်းကသူတွေကိုမဖိတ်ရသေးတာကိုသတိရမိသည် ရစ်သွေးကိုဖိတ်ပြီးပေမဲ့တခြားသူတွေကိုတော့ဘာမှမပြောထားမိလိုက်ပေ အခုနေမှဖုန်းဆက်မပြောရင် မဖြစ်တော့ပေ ယနေ့သည်ပင်သောကြာနေ့ဖြစ်နေလေပြီ ချက်ချင်းဆိုသလိုသွန်ခတစ်ယောက် ဖုန်းထုတ်ကာ screenပေါ်တွင်လက်ကလေးကိုတတောက်တောက်နိုပ်ကစားကာ ဖုန်းခေါ်လိုက်သည်
"ဟယ်လို"
"ဟယ်လို နှိုင်းသျှန်"
"ဟုတ်ကဲ့ဗျာ့ ဘယ်သူလဲမသိဖူး"
YOU ARE READING
Same Page(Og)
Romanceအကို့နှုတ်ခမ်းဖျားလေးတွေက အကိုကြိုက်တဲ့ စီးကရက်တွေလိုပဲသိပ်ကိုစွဲလမ်းဖို့ကောင်းလွန်းတယ်"