အပိိုင်း(၁)

24 5 2
                                    

"တောက်...! သားလေးတစ်ယောက်မွေးမိပါတယ် မိဘမျက်နှာအိုးမဲသုတ်ဖို့ပဲတတ်တယ်"

‌တောက်ခေါက်သံနဲ့အတူ စိတ်ဆိုးမာန်ဆိုးဖြင့် ဦးဒေါနတစ်ယောက်သားဖြစ်သူအားဆူပူကြိမ်းမောင်းလျက်

"ဒယ်ဒီတို့သာ ကျွန်တော့်ကို အရင်ကတည်းက ကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်ပေးခဲ့ရင် ခွန်းသွန်ခ ဆိုတဲ့ကျွန်တော်ဒီလိုအချိန်မှာ ဒီလိုဆိုးသွမ်းနေစရာအကြောင်းမရှိဘူး"

"အဲ့တော့မင်းက ငါတို့မိဘတွေအပြစ်လို့ ပြောချင်တာလား"

"ဒယ်ဒီတို့လုပ်ရက်တွေ ဒယ်ဒီတို့အသိဆုံးဖြစ်မှာပေါ့"

"ဘာ​ပြောတယ် ဟမ် ခွေးထက်မိုက်တဲ့သား "

"အို ကိုဒေါန ရှင်တော်လိုက်တော့ ရှင် ကျွန်မသားကို ဒီလောက်ထိပြောစရာမလိုဘူး "

"ချို!  ကိုယ်ကလည်း မိဘပါ ကိုယ့်မှာလဲ ဆူဆုံးမပိုင်ခွင့်အပြည့်ရှိပါတယ် မင်းသာရှေ့ကနေဝင်ဝင်ထောက်နေလို့ မင်းသားကအခုလိုဆိုးနေတာ"

"ဒယ်ဒီဘက်က ကျွန်တော့်ကို အဲ့လောက်အမြင်မကြည်နေမှတော့ ကျွန်တော်လဲ ဒီအိမ်ပေါ်မှာဆက်နေစရာ ဘာအကြောင်းမှာ မရှိတော့ဘူး "

"သားရယ် မင်းဒယ်ဒီကို စိတ်ဆိုးတယ်ဆိုရင်တောင် မာမီ မျက်နှာလေးတော့ထောက်ပါဦး သားရယ်"

ဒေါ်ချိုချိုခ တစ်ယောက်စကားပင်မဆုံးလိုက်ပါ ခွန်းသွန်ခတစ်ယောက် ကားသော့အားဆွဲကာ ထွက်သွားလေရဲ့

"အေး ကောင်းတယ်ဆင်းဆင်း ဆင်းသွား မင်းလိုသားမျိုးလဲငါတို့မလိုဘူး "

"ကိုဒေါန အဲ့တာရှင့်ကြောင့်ရှင့်ရဲ့လောဘတွေကြောင့် ကျွန်မတို့သားအမိကိုအချိန်မပေးနိုင်တာတွေကြောင့် ကျွန်မသားလေးက မိဘရဲ့ပြုစုပျိုးထောင်မှုအပြည့်အ၀မရခဲ့တာအဲ့တာရှင့်ကြောင့်တွေပဲ"

"ဟုတ်ပါတယ် ဟုတ်ပါတယ် အကုန်ကျူပ်အပစ်တွေကြီးပါပဲဒေါ်ချိုချိုခ ရယ်"

............................................

ဒယ်ဒီနဲ့စိတ်ဆိုးနေတုန်းမို့သာထွက်လာမိတာ ဘယ်သွားရမှန်းမသိ၍  ခွန်းတစ်ယောက် ခြေဦးတည့်ရာ မောင်နေမိသည်

Same Page(Og)Where stories live. Discover now