အိမ်ထဲပြန်ရောက်တော့ ၂ယောက်သားမာမီပြင်ပေးထားတဲ့အုန်းနို့ခေါက်ဆွဲအားထိုင်စားကြတော့သည်၊
"ဟျောင့်သွန်ခ ငါ့ဆီကိုမနေ့က ချောစုတို့အဖွဲ့တွေဖုန်းဆက်တယ် ဒီနေ့ညနေ ကျောင်းသားဟောင်းတွေ့စုံပွဲတဲ့ အဲ့တာမင်းလိုက်မလား"
ဗြန်း ဗြန်း....
အုန်းနို့ခေါက်ဆွဲပန်းကန်ကနေခေါင်းမခွာပဲပြောလာတဲ့သကောင့်သားကိုဘေးနားတဲ့ရှိလင်ဗန်းနဲ့၂ချက်လောက်ကောက်ရိုက်လိုက်မှာ့
"ဟျောင့်စကားပြောရင်လက်မပါနဲ့"
"လက်မပါပါဖူးလင်ဗန်းပဲပါတယ် ထပ်ရိုက်ပေးရမလား"
ခေါက်ဆွဲပန်းကန်မပြီးစားပွဲထောင့်ပြေးကပ်သွားတဲ့ရစ်သွေးရယ်ပါ
"မင်းဟိုတစ်နေ့က လရောင်ဦး ဆိုတဲ့တစ်ယောက်ကိုငါ့ဖုန်းနံပါတ်သွားပေးလိုက်တယ်ဆို"
"အေးလေသူ့မင်းကိုကြိုက်နေတာဘယ်နှနှစ်တောင်ရှိနေပီတုန်း ငါလဲမကြည့်ရက်တော့တာနဲ့မင်းဖုန်းနံပါတ်လာတောင်းတော့ပေးလိုက်တာသူ့ခမျာသနားပါတယ် "
"သနားရင်မင်းယူလိုက်လေ"
"ယူချင်တာပေါ့ ယူချင်တာပေါ့ ယူချင်တာမှာ့ဆန်းရစ်သွေးတို့ပြာပြာကိုခပ်နေတာ ဟိုကငါ့ကိုမကြိုက်လို့သာငြိမ်နေတာ"
"တောင်းပန်ပါတယ်ကွာင့ါကိုဘယ်မိန်းမနဲ့မှာ့အောင်သွယ်မပေးကြပါနဲ့ ငါလွတ်လွတ်လပ်လပ်နေချင်သေးလို့ပါ"
"မင်းလွတ်လပ်တာကြီးကလဲ ၂၃နှစ်ကြီးများတောင်ကွာ လွန်လွန်းပါတယ်ဟ"
ရစ်သွေးပြောသည်မှာလဲမမှားပေ သွန်ခတစ်ယောက်ကျောင်းတတ်နေစဉ်ကာလအတွင်းမှာလဲရည်းစားဟူရျ်မထားခဲ့ ကျောင်းဆက်မတတ်တော့သည့်ကာလများတွင်လဲ ဆိုးတာလေးကလွဲရင်ရည်းစားဘာညာမရူပ်ခဲ့ဖူးပေ....
"မနေ့မနက်ကငါ့ဆီအဲ့တစ်ယောက်ဖုန်းဆက်လာတယ် အားလားတဲ့ညနေကြရင်တွေ့ကြရအောင်တဲ့..... အဲ့တာနဲ့ငါလဲဒီနေ့တော့မအားသေးဖူးနောက်ရက်ကြုံမှာ့ပေါ့ဘာညာပြောလိုက်ရတယ်"
"အပိုတွေပြောမနေနဲ့ညနေကြရင်လိုက်မှာလား"
"လိုက်မှာ မင်းသွားတဲ့အချိန်ဝင်ခေါ် "
YOU ARE READING
Same Page(Og)
Romansaအကို့နှုတ်ခမ်းဖျားလေးတွေက အကိုကြိုက်တဲ့ စီးကရက်တွေလိုပဲသိပ်ကိုစွဲလမ်းဖို့ကောင်းလွန်းတယ်"