အပိုင်း၂

17 4 0
                                    

နေသာတဲ့တစ်ရက်ဖြစ်၍ ခွန်းသွန်ခတစ်ယောက်တတ်ကြွလန်းဆန်းနေသည်။

"ဟျောင့်ရစ်သွေး အားလားအိမ်လာခဲ့လေ ကြက်တောင်ရိုက်ရအောင်"

"မင်းဂျီးတော်ကိုကြက်တောင်ရိုက်ရမှာလား နေကဒီလောက်ကျစ်ကျစ်တောက်ပူနေတာ လသာနေတယ်များထင်နေတာလားမလာနိုင်ဖူး တစ်ယောက်ထဲသာထိုင်ရိုက်နေ"

သွန်ခတစ်ယောက်ကြက်တောင်ရိုက်တာတော့အတော်ဝါသနာကြီးသည်နေပူပူမိုးအုံ့အုံ့ကြက်တောင်ပဲအမြဲရိုက်ချင်နေတတ်သည် ရစ်သွေးတစ်ယောက်ကတော့ အားကစားဝါသနာမပါသို့ပေသည့်တိုင် စီးပွားရေးတော့အကျွမ်းတကျင်လုပ်နိုင်သည်။

"ငါတစ်ယောက်ထဲဘယ်လိုရိုက်ရမှာလဲကွာ မင်းကလည်း"

"မင်းရက်ကွက်ထဲက ကလေးတွေခေါ်ရိုက်လေ"

သွန်ခကတစ်ဦးတည်းသော သားဖြစ်ရ်ျငယ်စဉ်ကတည်းကအဖော်မက်သည် တစ်ယောက်ထဲရှိသည့်သူငယ်ချင်းလေးရစ်သွေးကိုလဲအတော်ခင်တွယ်ရှာသည် အိမ်မှာပျင်းတိုင်း လမ်းထဲက ကလေးတွေကိုမုန့်ကျွေးပြီးအိမ်ခေါ်ဆော့လို့ရှိသည်။

"တော်ပါပြီကွာ ငါ့ဟာငါအိပ်နေလိုက်တာမှာ့ကောင်းအုန်းမယ်"

"ဒါနဲ့မင်းတို့အိမ်ဘေးက ခြံကလူသစ်တွေပြောင်းလာတယ်မလား အဲ့ပြောင်းလာတဲ့အထဲမင်းနဲ့စိုက်တူဂိုက်တူပေါင်းရမဲ့ကလေးတွေမပါဖူးလား"

ရစ်သွေးပြောမှာ့သွန်ခတစ်ယောက်သတိရသွား၏ ဘေးခြံကလူသစ်တွေပြောင်းလာနေတာပဲ ဘယ်သူတွေရှိလဲဆိုတာသွားချောင်းလိုက်အုန်းမယ်

"မသိဖူးငါအခုထိသွားမကြည့်ရသေးဖူး ခြံရှေ့ကနေသွားချောင်းလိုက်အုန်းမယ်"

သွန်ခတစ်ယောက်ရစ်သွေးနဲ့ဖုန်းပြောပြီးတာနဲ့တပြိုင်ထဲဟိုဖက်အိမ်ရှေ့သို့ကွတကွတနှင့်သွားချောင်းတော့သည် ၅မိနစ်လောက်အထိဘယ်သူမှာ့ကိုမှမတွေ့ရသေး ခဏအကြာ​တော့ ခြံထဲကိုပန်းပင်ရေလောင်းသည့်ရေပန်းကလေးကိုင်ကာ ကောင်လေးတစ်ယောက်ထွက်လာသည် သွန်ခလဲဘာမှာ့စဉ်းစားမနေတော့ပဲဘေးနားကကျောက်ခဲအသေးလေးကောက်ကာ လှမ်းပေါက်လိုက်သည်။

Same Page(Og)Where stories live. Discover now