7(uni+Zg)

1.5K 185 78
                                    

စမ်းချောင်းထဲသို့ကြွေကျနေသော သစ်ရွက်လေးများကိုကြည့်ကာသက်ပြင်းချနေမိသည်မှာအကြိမ်ကြိမ်ပင်။ ပူဇော်ပွဲညက ​ကြားခဲ့ရသည့် 'မုန်းတယ်' ဟူသောစကားကြောင့် နေမထိထိုင်မသာဖြစ်နေသည်က ယခုထိပင်။ ထိုနေ့ညက အဖေဖြစ်သူနှင့်စကားများခဲ့ပြီးခြံဝိုင်းထဲသို့မပြန်ဖြစ်ပဲ ရွာထဲခြေဦးတည့်ရာသာလျှောက်သွားနေခဲ့သော်လည်း စမ်းချောင်းရှိရာသို့ရောက် ရောက်လာခဲ့သည်။ ရွက်ဟောင်းကြွေကာရွက်သစ်လေးများဖူးပွင့်နေသည်ကို ကြည့်ချင်းအားဖြင့် နွေဦးသို့ရောက်လာပြီဖြစ်ကြောင်းသိနိုင်သည်။

စမ်းချောင်းကမ်းဘေးဒူးနှစ်ဖက်ထောင်ကာထိုင်နေရင်းမှ အလေ့ကျပေါက်နေသောပန်းအနီပွင့်လေးကို ခူး၍နမ်းရှိုက်လိုက်ပြီး

"နွေဦးမှာ ကျုပ်တော့အချစ်ရူးဖြစ်ပြီထင်ပါရဲ့"

သူ၏ဒေါသအိုးပန်းသီး အကြောင်းကိုတွေးမိတိုင်း ရင်ဘက်ထဲကထူးဆန်းတယ့်ခံစားချက်ကြောင့်သမားတော်ကိုပင် ဆေးစပ်စေခဲ့မိသည်။ သို့သော်ဆေးသောက်၍ပျောက်မည်မဟုတ်မှန်းသိလာခဲ့ပြီးတယ့်နောက်မှာတော့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ တညိမ့်ညိမ့်စီးဆင်းနေသောစမ်းချောင်းလေးကိုသေချာကြည့်၍

"ဟုတ်တယ်......ကျုပ်မရတော့ဘူး ဆေးသောက်လို့ပျောက်မှာမဟုတ်ဘူး ပန်းသီးစားမှပျောက်တော့မှာ"

တစ်ကိုယ်တည်းရေရွတ်ပြီးနောက်စမ်းချောင်းဘေးမှထွက်လာခဲ့တော့သည်။

===========================

အချိန်စက်ယန္တယားသည် လည်ပတ်မြဲလည်ပတ်နေသည်မှာ လက်မောင်းနှင့်ခြေထောက်မှဒါဏ်ရာပင်ပျောက်လုနီးပါးဖြစ်နေလေပြီ။ မျက်နှာသို့ စူးကနဲကျရောက်နေသော နေရောင်ကြောင့်အိပ်ယာမှနိုးထလာခဲ့သည်။ ဘေးရှိအိပ်ယာသို့ကြည့်လိုက်တော့အရင်နေ့များကလို ဘေးတွင်အိပ်နေသူကမရှိ။ ခြေရင်းတွင်တော့မနက်စာစားပွဲဝိုင်းလေးက မနက်တိုင်းရှိနေတတ်သည်။ ပူဇော်ပွဲနေ့ကတည်းကမျက်နှာချင်းမဆိုင်ဖြစ်သော သူ၏ခင်ပွန်းသည် ညလည်းမတွေ့ရ မနက်လည်းမတွေ့ရနှင့်။

မနက်စာစား၍ ခြံဝိုင်းထဲသို့ဆင်းလာကာ တစ်အိမ်ထဲနေပြီးပျောက်နေသူကိုလိုက်ရှာရန်ထွက်လာခဲ့လိုက်သည်။

ရန်သူမှကြင်ယာတော်သို့ { Completed 🍎}Where stories live. Discover now