part 15 uni + zawgyi

15K 69 0
                                    

                     💋 အသွေးအသားထက် ပိုသော
                                         သို့
                                                    ခယ်မ 💋

                         အပိုင်း💄 ၁၅💄

ကားလေး နှစ်စီး ။ ရှေ့ဆင့် နောက်ဆင့် ရပ်လျက် ။
ရှေ့က ရွှေတေးကား ။ နောက်က ကိုမြတ်  ကား ။
ဒါပေမဲ့ ကိုမြတ်ရဲ့ ကားထဲမှာ သာ ကိုမြတ်ကော ရွှေတေး ကော ရှိနေသည် ။
စကားတွေ အများကြီးပြောနေကြပေမဲ့ ရွှေတေးက တော့ အလိုက်သင့် သာ ပြောနေရတာ...။

             ရောက်နေတဲ့ ရင်ခွင်က တစ်ခု....

တွေးနေမိတဲ့ ရင်ခွင်က တစ်ခု...။
ရွှေတေး ကိုယ့်ဘာသာ
ကိုယ် ဒီလို မျိုးကြီး
ဖြစ်လာလိမ့်မယ်လို့ မတွေးမိ ဖူး ။
ကိုမြတ် ရင်ခွင်ထဲ နေရတာ လုံခြုံတယ်လို့ ခံစားရတယ် ဆိုပေမဲ့ ပျော် မနေပြန် ။
ရွှေတေး တစ်ခုခုကို လွန် ပြန်ရစ်နေသလို ပဲ ။ ဒါပေမဲ့ ပြန်ရစ်နေတယ် ဆိုပေမဲ့ တိကျတဲ့ သတ်မှတ်ချက် က မရှိ ။
ကိုမြတ်ကတော့ သူ ပိုင်ဆိုင်ချင်တာ တစ်ခုကို ပိုင်ဆိုင်လို့ ပျော်ရွှင်နေတဲ့ ကလေးငယ်
ပမာ ။
( ကိုယ်က တော့ အရမ်းပျော် တယ် ၊ ရွှေတေးလို မိန်းကလေး မျိုးကို ချစ်သူ တော်ခွင့် ရတာ )

( ရွှေတေးလည်း ကိုမြတ်ကို ချစ်သူ တော်ခွင့် ရတာ ကံကောင်းမယ် လို့ ထင်ပါတယ် )

( ကိုယ့်အတွက် တော့ စိတ်ချပါ ၊ ကိုယ် ရွှေတေးကိုပဲ တစ်သက်လုံး ချစ်သွားမှာ ပါ )
ကိုမြတ်က ရင်ဘတ်ကြီးနဲ့ ပြောနေပြန်သည် ။

ရွှေတေး ဘာကို စိတ်ညစ်မှန်း မသိ ။ မျက်ရည် လည်လာချင်မိသည် ။
ပရမ်းပတ နဲ့ ပြေးနေတဲ့ စိတ်က လုံးဝ မဖြစ်သင့်တဲ့ သူဆီ... ။

ဒါကြောင့်မို့ မဖြစ်သင့်တာ တွေ မဖြစ်အောင် ဖြစ်သင့်တာကို ဦးနှောက်နဲ့ စဥ်းစားလုပ်ပြန်တော့လည်း နှလုံးသားက လက်မခံ ပြန် ။

မျက်ရည်ဆိုတာက နှလုံးသားနဲ့ ဆက်စပ်တာမို့ နှလုံးသားက စေညွှန်ရာ အတိုင်း လုပ်နေသည် ။ ခက်ပြီ...။ တကယ် ခက်ကုန်ပြီ ။

ရည်စားအသစ်စက်စက် ရဲ့ ရင်ခွင်မှာ ဘယ်လိုမှ သက်ဆိုင်လို့ မရတဲ့ လူကို ရည်းစူးပြီး မျက်ရည်ကျတဲ့ မိန်းမသားဆိုလို့ ကမ္ဘာပေါ်မှာ ရွှေတေး တစ်ယောက် သာ
ရှိမည် ။ 

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Where stories live. Discover now