part 20 uni+Zawgyi

17.6K 77 0
                                    

အသွေးအသား ထက် ပိုသော
.......သို့
..........💋ခယ်မ💋

အခန်း ၂၀

ရွှေတေး ဒီနေ့နှစ်မွေးနေ့မို့လား "

ထမင်းစားနေရင်းက ရွှေတေးက ခေါင်းငြိမ်ပြသည်။

"အေးဟာ ခါတိုင်းဆိုလျှင် မွေးနေ့ရက်တွေဆို လည်လျှောက်သွားကြ တာနဲ့ အရမ်းပျော်စရာကောင်းတာ

ခုလို လုပ်ငန်းခွင်ထဲ ရောက်လာတော့ တာဝန်ကိုယ် စီတွေနဲ့

အရင်လိုလွတ်လွတ်လပ်လပ် ဖြတ်သန်းခဲ့လို့မရတော့ဘူး "

ဆုရည်က  ဘေးကနေဝင်ပြောတော့ ရွှေတေး ခေါင်းညိတ် ပြရင်း
"project ကအရမ်းအရေးကြီးနေတဲ့ အချိန်
ငါ  ကခွင့်ယူလို့မကောင်းဘူးလေ
တခြားလုပ်နေကြတဲ့သူတွေကို အားနာ စရာ ဒါပေမယ့် ညနေကျရင်တော့
ငါ နင်တို့ကို တစ်ခုခုလိုက်ကျွေးမယ်လေ "

" ဒါနဲ့  ကိုမြတ်ကနင်မွေးနေ့ဆိုတာမသိဘူးလား "

"သိတယ် သူက လာခဲ့မယ်လို့ ပြောတာ ငါက
တမင် ပိတ်ထားလိုက်တာ
သူလာရင်လည်း တွေ့ချိန်ဆုံချိန်က မရှိဘူးလေ
သူကလည်း ဟိုမှာ ဒီကို ရွှေ.ချင် ဇောနဲ့ အလုပ်တွေလက်စသတ်အောင် လုပ်နေလို့ အလုပ်က

လှိုင် နေတာ ..ငါ လည်းသူ့ကို နားချရဦးမယ်ဟာ သူက
ရန်ကုန် ကို ကြီးပဲ တက်လာမယ်လုပ်နေလို့ ။

သူတက်လာလည်း ငါကဒီမှာအလုပ်တွေက အရမ်းလှိုင်နေတော့ သူ့ကိုအချိန်ပေးဖို့ဆိုတာက
သိပ်မဖြစ်နိုင်ဘူးလေ။
ဒါကြောင့် အခြေအနေတွေအသားကျသွားအောင်လို့ စောင့်ရင်း  အလုပ်တွေကို မရွှေ့နဲ့အုံး စောင့်ပါဦးလို့ ပြောရအုံး မှာ "

ရွှေတေး က ထမင်းစားရင်းနဲ့ အကျိုးအကြောင်းကို ရှင်း ပြသည်
တကယ်တော့ ရွှေတေး က အလုပ်ဝင်တာမကြားသေးပေမယ့် အလုပ်ရဲ့ အကြီးတန်း ဝန်ထမ်းတွေနဲ့ တစ်ခါတည်း တွဲလုပ်ရတာဖြစ်သည့်အတွက် နားလည်မှုက မြန်မြန်ဆန်ဆန်  တိုးတက်ကာ အခုဆိုလျှင် group အသစ်ရဲ့ leader  ပင်ဖြစ်နေချေပြီ... ။

ဝင်းလဲ့  တိုကလည်း ကိုစျာန်  ရဲ့ ပြင်ဆင်ထားရမဲ့  လမ်းညွှန်ချက်ရဲ့ အကျိုးကျေးဇူးကြောင့်

အသွေးအသားထက် ပိုသော ( သို့ ) ခယ်မ Where stories live. Discover now