အသွေးအသားထက် ပိုသော
သို့
ခယ်မExtra 2
ကြီးကျယ်ခမ်းနားလှတဲ့
မင်္ဂလာပွဲ တစ်ခု က ပြီးဆုံးသွားခဲ့ပြီ....။
စျာန် နဲ့ ရွှေတေးကတော့ မအားသေး...။
နိုင်ငံရပ်ခြားက စီးပွားရေး သမားတွေကို
လိုက်နှုတ်ဆက်နေရသည်...။
ရွှေတေး ခဗျာတော့ တော်တော်
စိတ်အိုက်နေရတာ...။ မမနဲ့ ဆောင်တုန်းက
ကိုကိုက ဒီလောက်ထိ စီးပွားရေး လောကမှာ
ထင်ပေါ်သူ မဟုတ်သေးသလို
ဖိုးဖိုး ရဲ့ ကျန်းမာရေး အခြေအနေ ကြောင့်လည်း
အကျဥ်းချုံးပြီးပဲ လုပ်လိုက်တာမို့
ဧည့်သည်က ဒီလောက်ထိ မများ....။
ခု ရွှေတေး အလှည့်ကျ အဲလို မဟုတ်တော့...။
ကိုစျာန်ရဲ့ အရည်အသွေးက စီးပွားရေး
လောကမှာ ခေါင် ဖြစ်နေပြီ...။
အမြတ်အစွန်း 200% ကျော်တဲ့ ပရောဂျက်
အသစ်တွေ..၊ အရည်အသွေး မြင့်မားတဲ့
ထုတ်ကုန်တံဆိပ်တွေ...၊ ခိုင်မာတဲ့
စျေးကွက်ရှိမှုတွေရယ်ကြောင့် တဟုန်တိုး တိုးတက်
လာသည့် ကိုစျာန်က စီးပွားရေးလောကမှာ
တားရခက်တဲ့ မြင်းတကောင်နှယ် ...။
သူက အဲလို ပုံရိပ်မြင့်မားတော့ လာလိုက်တဲ့
သူ့ဧည့်သည်တွေက မနည်းမနော...။
ထိုင်ဝမ်၊ china နဲ့တကွ ဖွံဖြိူးပြီး နိုင်ငံများက
စီးပွားရေးလုပ်ငန်းရှင်များပါ
တက်ရောက်တော့ ရွှေတေးခဗျာ
ပြုံးထားရတာ အာ ပင်ညောင်းချေပြီ...။
အားလုံးက တညီတညွတ်ထဲ
ပြောကြတဲ့ စကားကတော့
ရွှေတေးက သိပ်လှလို့
ကိုစျာန် ကံကောင်းတယ် ဆိုတဲ့ အကြောင်း....။