အသွေးအသားထက် ပိုသော( သို့) ခယ်မ
Extra 1သာယာတဲ့ ညနေခင်း တစ်ခု....။
လေပြည်အေးတွေက တိုက်ခတ်နေသည်...။.
စိတ်လိုလက်ရ နားရတဲ့ ဒီညနေခင်းလေးတွေကို
စျာန် တန်ဖိုးထားသည်...။ အရင်ကလိုမျိုး
ဟာတာတာ
ခံစားချက်မျိုးတွေ သိပ်မရှိတော့...။
သူ့ အနားမှာ ရွှေတေး တစ်ယောက်လုံး ရှိနေပြီလေ..။
ခုလည်း မြက်ခင်းစိမ်းပေါ်မှာ အဖြူလွှလွှ ဂါဝန်နဲ့
တူတော်မောင်နဲ့ ဆော့နေရှာတဲ့
ကလေးကြီး တစ်ယောက်..။
လေအသုတ်မှာ လွင့်မြောက်သွားတဲ့
ဆံသားတွေက ဖွာခနဲ...။ ကောင်းခြင်းတွေ
ပြည့်စုံလှတဲ့ သူမကို စျာန် ပြုံးရင်း
စိုက်ကြည့်နေမိသည်..။ တူတော်မောင်
လိုက်ဖမ်းတာကို ရှေ့က နေ ပြေးရင်း
မိခါနီးပြီ ဆို ရှောင် ရှောင်ပစ်နေတာ...။
မေတေးတို့လည်း အလည် ရောက်နေတော့
သူမက အပြင်းတွေ ပြေနေသည်...။ ရုံးကိုတောင်
သိပ်မလိုက်ချင်...။
သူ့တူနားမှာပဲ ကပ်နေတော့ သူပင်
ဒုတိယ လူ ဖြစ်နေတော့သည်...။
မေတေး ဒီကို ပြန်လာတာက သူစနက် လည်း
ပါသည်..။ ဘယ်လောက် ပြောပြော လက်ထပ်ဖို့
ခေါင်းခါဆဲ ဖြစ်နေတဲ့ ခယ်မ ကို
နားချဖို့ သူပဲ အကူအညီ တောင်းခဲ့တာ....။.
စျာန်ခဗျာလည်း ဒီ ခယ်မ ကို ချစ်မိလို့သာ...။.
တော်တော်ကို သည်းခံ ချစ်ရတာ...။
လူက လှသလောက် ခေါင်းကြောက မာသည်..။
သူ့ကို ချစ်ပေမဲ့ ခဲအိုကို လက်ထပ်ဖို့သတ္တိ က
ခုထိ အဆင်သင့် မဖြစ်သေး...။
မေမေကို အကူအညီ တောင်းကြည့်မိတော့
.."သမီး လေး စိတ် အဆင်သင့် မဖြစ်သေးရင်