chapter 2

16.7K 136 1
                                    

အပိုင်း 2

မြသက်အနောက်ကအရမ်းလှတဲ့ကောင်လေးကိုတွေ့တော့ အံ့ဩသွားကာ စကားစလိုက်သည်။

"မောင်ဒါက"

"သူကကိုယ်နဲ့ကြည်ရဲ့သား။ သခင်‌မင်းမောင်တဲ့"

မြို့အုပ်မင်းတို့ကတော့ တိုတိုနဲ့လိုရင်း မိတ်ဆက်ပေးသည်။ သခင်လည်း သူ့ပြိုင်ဘက်ကို သိပ်မပတ်သက်ချင်ပေမဲ့ အပြုံးလေးဖြင့်နှုတ်ဆက်လိုက်သည်။

"အန်တီက မြသက်ဖြစ်မယ်။တွေ့ရတာဝမ်းသာပါတယ်မေမေလေး"

ထို့နောက် မေမေလေးခေါ်ခံရလို့တစ်ရှူးရှူးဖြစ်နေတဲ့ မြသက်ကိုထားခဲ့ကာ သူ့ဖေဖေလက်ကို ချိတ်ပြီး အိမ်ထဲဝင်ခဲ့လေသည်။

လင်းခက်မောင်အိမ်ထဲရောက်တော့တွဲထားတဲ့လက်ကိုရိုက်ထုတ်ပြီး ကောင်လေးကိုလက်ညိုးထိုးကာပြောတော့သည်။

"မင်းဒီနေ့ကပြီး နွဲ့လို့မရတော့ဘူး။ မင်းကိုယ်မင်းကျွန်တော်လို့ပဲသုံး။ပြီးတော့အဲ့ဆံပင်တွေညပ်လိုက်ငါမကြိုက်ဘူး"

"ဟုတ်ကဲ့ပါဗျ"

......

🌹1960ခုနှစ်များကမြို့အုပ်ကတော်🌹Where stories live. Discover now