အပိုင်း ၆။
လင်းခက်မောင် ဧည့်ခန်းမှာ ထိုင်စောင့်နေတာ နာရီဝက်ရှိပြီ။ သခင်တစ်ယောက်သူ့ကိုစောင့်အုံးလို့ပြောရင်း အိမ်ပေါ်တက်သွားတာလည်း နာရီဝက်။
စိတ်မရှည်တတ်သူကြီးကတော့ ဒီနေ့ထူးထူးခြားခြားစိတ်ရှည်နေသည်။
ခနကြာတော့ ကျွန်းလှေကားကနေ ခြေသံတွေကြားရပြီ။
လငခက်မောင် အသံလာရာကိုလှည့်ကြည့်တော့ အံ့ဩရ၏။
သခင်က အညိုရောင် အကျီနဲ့လုံချည်ဝတ်ထားတာကြောင့်။ မျက်နှာကို လှသွေးကြွယ်နေကောင်ချယ်ထားပြီး ဆံထုံးကိုလည်းထုံးထားကာ ပန်းတစ်ပွင့်ပန်ထားသည်။
ပြီးတော့ သူဝယ်ပေးတဲ့ပုလဲတစ်ဆက်ကိုလည်း လည်တိုင်မှာတွေ့ရသည်။
အရောင်တင်ထားလို့ပိုလှနေတဲ့နှုတ်ခမ်းက သူ့ကို အနမ်းချွေချင်အောင် ဖြစ်စေ၏။
"မောင်စောင့်ရတာကြာသွားပြီလားဟင်။ သခင်အမြန်ဆုံးပြင်လာတာဘဲ"
"ဘယ်လိုခေါ်လိုက်တယ်???"
"မောင်လို့လေ။ဖေဖေ့ရဲ့နောက်ဆုံးနာမည်လေ။ တို့ဒီလိုအပြင်သွားရင် ဖေဖေလို့မှခေါ်မရတာလို့"
"ဟားဟားဟုတ်ပါပြီကွာ။သွားလို့ရပြီမလား"
"ခစ်ခစ်အင်း"
သခင်ပြောပြီး သူ့ဖေဖေရဲ့လက်မောင်းကိုချိတ်တွယ်လိုက်ကာ ကားပေါ်တက်သွားလေသည်။
မြို့ကလူတွေလည်း မြို့အုပ်ကြီးက မိန်းမလှလေးတစ်ယောက်ကိုခေါ်ကို တစ်ဈေးလုံးအနှံ့သွားနေသည်ကိုမြင်ကြရသည်။
ထူးထူးခြားခြား အမြဲစိတ်ပုပ်နေတတ်တဲ့ မြို့အုပ်မငိးက အဲ့မိန်းခလေးကို ပြုံးကြည့်နေကာ အလိုရှိသမျှဝယ်ပေး၏။
ထိုသတင်းတွေက မြို့အုပ်ကတော် ဒေါ်မြသက်ရဲ့နားထဲအထိဝင်၏။
"မောင်တို့ဟိုကရွှေဆိုင်ကိုသွားချင်တယ်။မောင့်ကိုဝယ်ပေးစရာရှိလို့"
"ကိုယ့်ကိုဘာဝယ်ပေးမှာလဲ။ကိုယ်ရွှေတွေပန်ရတာမကြိုက်ပါဘူးကွာ"
"ဟင့်အင်းလာခဲ့"
သခင်ဆိုင်ထဲဆွဲခေါ်သွားကာ အခုရေပန်းစားနေတဲ့ နိုင်ငံခြားစတိုင် စုံတွဲလက်စွပ်လာကြည့်သည်။သူနဲ့ဖေဖေဖို့။
လင်းခက်မောင်လည်း ကူေရွးပေးကာ သခင်စိတ်တိုင်းကျမှပြန်လာခဲ့ကြသည်။
.....