ကြီးမားတဲ့ ခြံကြီးတစ်ခြံရှေ့။
အနက်ရောင်ကားတစ်စီးက ခြံထဲတစ်ဖြည်းဖြည်းဝင်လာခဲ့သည်။တစ်ဖြည်းဖြည်းကားကရပ်သွားပြီး လူတစ်ယောက်ဆင်းလာ၏။
ထို့နောက် လမ်းပြ၏ခေါ်ဆောင်ရာနောက်သို့ ဦး လင်းခက်မောင်က တုတ်ကောက်ကို ထောက်ပြီးလိုက်ပါသွား၏။
ခြံနောက်ဘက်ရောက်တော့ လွန်းခဲ့တဲ့ နှစ်ပေါင်း၂၀ကျော်က ရင်းနှီးခဲ့တဲ့မျက်နှာကိုမြင်လိုက်ရသည်။
"ကြည် လား?"
မြတ်သွယ်ကြည် အသံလာရာကိုကြည့်လိုက်တော့ မြင်ရသူကိုလှန့်ဖြန့်ပြီး လက်ထဲက အသီးခြင်းလေးပြုတ်ကြသွားသည်။
"မြို့ မြို့အုပ်မင်းကဒီကိုဘယ်လိုလုပ်!!"
"အာ ကိုယ် မင်းမွေးထားတဲ့သားကိုလာကြည့်တာ။ ကိုယ် မအားဘူး။ အခုခေါ်ပေး"
ကြည်တစ်ယောက် ခြံထဲ ဒုန်းစိုင်းရောက်လာပြီး သားကိုလာကြည့်တဲ့ မြို့အုပ်မင်းကိုပြန်မပြောနိုင်။ မြို့အုပ်မင်းကဘယ်တော့မှစိတ်မရှည်တတ်။
ကြည်လည်း အနောက်ခြံရောက်နေတဲ့သားကိုမြန်မြန်ခေါ်ပြီး ပြန်လာခဲ့သည်။
လင်းခက်မောင်လည်း ကြည်နောက်ကပါလာတဲ့ လူကိုကြည့်ကာ အံ့ဩသွားသည်။
သူကမိန်းခလေးလား။ယောကျာ်းလေးလား??
ပုဆိုးကိုဝတ်ထားပေမဲ့ ခါးလောက်ရှိတဲ့ဆံပင်ရှည်ကြီးနဲ့ ကော့စင်းနေတဲ့ မျက်တောင်ရှည်တွေ။ ပြီးတော့ နှင်းဆီလိုနီရဲဥထွက်နေတဲ့နှုတ်ခမ်းသား။
လင်းခက်မောင်စိတ်တိုသွားပြီးအော်တော့သည်။
"ဒါကသားလားသမီးလားကွ!!!!ကြည်မင်းကလေးကိုဘယ်လိုသင်ထားတာလဲ။ ငါတို့အမျိုးကိုအရှက်ခွဲချင်တာလား"
"ဒီမှာ ဖေဖေဆိုတဲ့သူ။ ဘာလို့ ထွက်မေမေကိုစွတ်အော်နေရတာလဲ။ ဘာမှမသိဘဲနဲ့လာမပြောနဲ့ဟွန့်"
လင်းခက်မောင်ရော။ကြည်ပါအံ့ဩသွားသည်။ သားက သူ့ဖေဖေကို နှုတ်ခမ်းလေးထော်ကာ တစ်စာစာအော်နေသည်။ လင်းခက်မောင်ကလည်း သူ့ကိုအော်တဲ့သူကိုအခုမှကြုံဖူး၍ ကြောင်နေသည်။