Part 3

3 2 0
                                    

Unicode

" အကြောင်းပြချက်ကို ကိုယ်သိလို့ရမလား ဂျက်ဇ် "

ဂျက်ဇ်ရဲ့ခြေလှမ်းတွေ နှေးကန်သွား၏။ ဝင်သက်တစ်ချက်ရှိုက်သွင်းကာ ထပ်ကြပ်မကွာလိုက်လာသူထံ အကြည့်တွေပို့လိုက်သည်။

" အကြောင်းပြချက်ဆိုတာက ဘာအတွက်လဲမင်းသား၊ လူကွဲသွားတာပါလို့ ကျွန်တော်ပြောပြီးပြီမဟုတ်လား "

ဂျဖာရဲ့အပြုံးမျက်နှာဟာ ပိုပြီးပီပြင်လာသော်လည်း ဂျက်ဇ်ရဲ့စိတ်မှာဖြင့် သာမာန်အပြုံးတစ်ခုလို့မခံစားရ။ ကော့တက်သွားတဲ့နှုတ်ခမ်းတွေမှာ ဘယ်လိုအကြံစည်တွေကိန်းဝပ်နေမလဲဆိုတာတော့ ကာယကံရှင်ကိုယ်တိုင်သာသိလိမ့်မည်။

" ‌ကိုယ်ယုံလိုက်ပါ့မယ် ဒါပေမဲ့ ဂျက်ဇ်မေ့‌နေတာတစ်ခုကိုတော့ ပြောပြရဦးမယ်၊ ကိုယ်တို့က မကြာခင်မှာထိမ်းမြားရတော့မှာ၊ ကိုယ့်အတွက်လို့တွေးပြီးတော့ပဲဖြစ်ဖြစ် မင်းကိုယ်တိုင်ဂရုတစိုက်ရှိပေးပါ ဂျက်ဇ် "

ခြေလှမ်းတစ်ချက်လှမ်းတိုင်း လှုပ်ခါသွားတဲ့ဆင်စွယ်ရောင်ဝတ်ရုံစများ။ တဖြည်းဖြည်းအလှမ်းဝေးသွားတဲ့ကျောပြင်ကိုငေးရင်း ကျန်ခဲ့တဲ့ဂျက်ဇ်တစ်ယောက်မှာတော့ ဒေါသမမြည်သော စိတ်အလိုမကျမှုတို့ကြောင့် မျက်ဝန်းအစုံမှာခက်ထန်လျက်ရှိသည်။

ဘယ်လိုတောင်ပိုင်စိုးလွန်းတဲ့ စကားလဲ။

" စိတ်လျှော့ပါ အရှင့်သား "

" ငါဘယ်လိုစိတ်လျှော့ရမှာလဲ ရာဂျာ ၊ သူ့လက်ထဲတိုင်းပြည်တစ်ခုလုံးထည့်ပေးမဲ့အစား မင်းတက်ပြီးအုပ်ချုပ်ရင်တောင် ငါလက်ခံနိုင်တယ် "

ဂျက်ဇ်ရဲ့ဒေါသသံလွှမ်းတဲ့စကားအဆုံးမှာ ရာဂျာတစ်ယောက် ပြုံးသဲ့သဲ့ဖြင့် ခေါင်းခါသည်။

အရှင့်သားက မင်းသားဂျဖာနှင့်ထိမ်းမြားဖို့ကို ခေါင်းမာပြီးငြင်းဆန်နေတာ သူလည်းအသိ။ သို့ပေမဲ့ ထိုထိမ်းမြားခြင်းမှာ တိုင်းပြည်အရေးရာနှင့်ပါ ဆက်နွယ်နေတာမို့ အရင်လို " အရှင့်သား မယူချင်ရင် ငြင်းပစ်လိုက်ပါ " လို့ သူမပြောနိုင်။ ပိုခက်တာက အရှင်မင်းကြီးကိုယ်တိုင် ဒီမင်္ဂလာပွဲကို လိုလိုလားလားရှိနေတာပဲ။

Aladdin Where stories live. Discover now