Part 6

6 0 0
                                    

Unicode

ကံကြမ္မာအလှည့်အပြောင်းဆိုသည်က ဘယ်အချိန်မှာကိုယ့်ဆီရောက်လာမယ်ဆိုတာ ကြိုတင်သိနိုင်တဲ့လူရယ်လို့မရှိ။ ဘဝရဲ့အပြောင်းလဲကြီးတစ်ခုဟာ ကိုယ့်ဆီကို ပုံစံမျိုးစုံဖြင့်ရောက်လာနိုင်သည်။ ရွှေအိုးကြီးတူးဖော်မိတာဖြစ်နိုင်သလို တစ်ခါတရံမှာ ကိုယ်ပေးလိုက်တဲ့ကြင်နာမှုလေးကြောင့်လည်းဖြစ်နိုင်ပါသည်။

" အာ.. ညောင်းလိုက်တာ၊ ဒီလိုသေးသေးလေးထဲနေရတဲ့ဒုက္ခကို မင်းသိလား အရမ်းကျဥ်းကြပ်တာ၊ နည်းနည်းအကြောဆန့်မယ်နော် "

ထိုလူပြာလေးက သူ့ထံခွင့်တောင်းသလိုပြောကာ ထရပ်ရင်း အကြောများဖြေလျှော့နေပုံကို အာလာဒင်အကြောင်သားထိုင်ကြည့်နေမိသည်။ မီးခိုးတွေကနေဖြစ်လာတဲ့ကောင်လေးကို အထူးအဆန်းဖြစ်ရင်း အဘူ့ကိုပြန်ကြည့်တော့လည်း အဘူက သူ၏ကျောနောက်ကတောင်ထွက်မလာရဲသေး။

" ကောင်းပြီ ငါ့ကိုဆင့်ခေါ်သူ သခင်.. အခုကစပြီး လိုရာဆုသုံးဆုကိုတောင်းနိုင်ပါပြီ "

လက်ဖဝါးလေးနှစ်ဖက်ကို ယှက်ကာပွတ်ရင်း စိတ်လှုပ်ရှားနေဟန်ဖြင့် အနားကပ်လာသူကြောင့် အာလာဒင်လန့်ပြီး အနောက်ကိုဆုတ်မိသွား၏။ ထိုအမူအရာကြောင့်ပင် လူပြာလေးရဲ့ခြေလှမ်းတွေလည်း ရပ်သွားလေသည်။ သူက လက်နှစ်ဖက်ကို ခါးပေါ်ထောက်ရင်း အာလာဒင်ကို မျက်မှောင်ကြုတ်ကာကြည့်လာသည်။

" ငါ့ကိုခေါ်ထုတ်တာ ဘယ်သူလဲ "

အချုပ်ခန်းထဲရှိနေသည်မှာ အာလာဒင် ၊ မျောက်ကလေး အဘူနှင့် မျက်စိရှေ့ကလူပြာလေးအပါအဝင်သုံးယောက်တည်းသာ။ သူ့ကိုခေါ်ထုတ်တဲ့လူကိုမေးလာတော့ အာလာဒင်ယောင်နနဖြင့် မေးခွန်းပြန်ထုတ်၏။

" ဘယ်သူလဲ. "

" ဟာ.. ငါကမေးနေတာလေ !! ဘယ်သူလဲလို့ "

ကြောင်တောင်တောင်တွေလုပ်နေသည့် အာလာဒင်ရဲ့ပုံစံဟာ ထိုလူပြာလေးရဲ့စိတ်ရှည်နိုင်စွမ်းကိုစိန်ခေါ်သလိုဖြစ်သွားသည့်နှယ်။ မေးမရသည့်အဆုံး သူကိုယ်တိုင်အနားရောက်လာပြီး တစ်စုံတစ်ရာကိုလိုက်လံ‌ရှာဖွေတော့၏။ မြေပြင်ပေါ်ကမီးခွက်ကိုတွေ့တဲ့အခါ ဆတ်ခနဲကောက်ယူပြီး အာလာဒင့်ထံပစ်ပေးရင်းဆိုသည်။

Aladdin Where stories live. Discover now