'ဒေါက်ဒေါက်ဒေါက်
အမောင်စာရင်းစစ်နေစဉ် တံခါးခေါက်သံကြား၍ လှမ်းကြည့်လိုက်ရာ အန်တီနွေဖစ်နေသည်။ အမောင်အလျှင်အမြန်ပဲ စာရင်းစာအုပ်ပိတ်ကာ တခါးသွားဖွင့်ပေးလိုက်သည်။ (အန်တီနွေသည် လင်ဗန်းတစ်ခုကိုင်ကာ Coffee ၂ခွက်နှင့် မုန့်ပဲသရေစာများအားထည့်လာသည် )
'အန်တီနွေ ဘာလိုအပ်လို့လဲအမောင်ဘာကူညီပေးရမလဲ
'မဟုတ်ပါဘူး တို့စက်ရုံကို လာစစ်ရင်းနဲ့ လမ်းကြုံလို့ အစာပြေစားရအောင်ယူလာပေးတာ
'အာ အန်တီကလဲ ရပါတယ် အားနာစရာကြီး
'အားနာရင် တို့ကိုပေးထိုင်အုန်းလေ ညောင်းလှပြီ
' ဟမ် အော် ဟုတ် ထိုင်ပါအန်တီ (အမောင်လေပေါနေမိရာ အန်တီကိုတောင်ထိုင်ခိုင်းဖို့မေ့နေလေသည်။ ဖစ်လိုက်ရင် အကျိုးနဲ့အကြောင်းနဲ့ပါလား ဇွန်ခွန်းသမောင်ရေ )
'စားလေ မင်းအတွက် ဒါနဲ့ အလုပ်လုပ်ရတာအဆင်ပြေရဲ့လားအမောင်
'ဟုတ်ကဲ့ အကုန်အဆင်ပြေပါတယ်အန်တီ'ဟုတ်ပါပြီ လိုတာရှိရင်ပြောပါ
'ဟုတ်ကဲ့အန်တီနွေ
အန်တီနွေယူလာပေးတဲ့ Coffeeလေးအား အမောင်တစ်ငုံမော့လိုက်သည်။ အင်း အန်တီယူလာပေးတာမို့လို့လား ပုံမှန်ထက်ပိုသောက်လို့ကောင်းနေရော
လေပြေညှင်းရယ် ငြိမ်သက်ဆဲ ညမှာ
အသာအယာတိုးလို့တိုက်ခက်နေ....
(အန်တီနွေ ဖုန်းမှ Ringtoneထွက်သံ)'အမောင်တို့ ခဏဖုန်းသွားပြောလိုက်အုန်းမယ်နော်
'ဟုတ်ကဲ့အန်တီ'အန်တီနွေက အဲ့ဒီသီချင်းတော်တော်ကြိုက်ပုံပဲ
'ကဲအမောင် တို့ အလုပ်ကိစ္စရှိသေးလို့ ပြန်တော့မယ် မင်းလဲ အလုပ်စောစောဆင်းပါ ကျန်းမာရေးထိရင် နောက်နေ့တွေလုပ်လို့မရပဲနေမယ်
'ဟုတ်ကဲ့အန်တီနွေ အမောင်လိုက်ပို့ပေးပါမယ်
'အို ရပါတယ် တို့ဘာသာပဲပြန်လိုက်မယ်
'ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါအန်တီနွေအန်တီနွေဟာလေ လူကို စိတ်ပူတာ သိသာနေတာကို အလုပ်ဆက်လုပ်လို့မရပဲနေမယ်ကပါလိုက်သေးတယ် တကယ်ခက်တဲ့အမျိုးသမီးကြီးပါလေ့လား ဟု အမောင်စိတ်ထဲမှ ရေရွတ်မိသည်။ ထူးထူးခြားခြားအန်တီနွေဟာ ပုံမှန်ဆိုလျှင် မြန်မာဝတ်စုံအရောင်ရင့်တွေပဲဝတ်သော်လဲ ယနေ့ နို့စိမ်းရောင်လေးနဲ့ လိုက်ဖက်လွန်းလှတယ် ဦးခေါင်မှာ ပန်ထားတဲ့ နှင်းဆီဖြူလေးကအစ အန်တီနွေနဲ့ဆိုလျှင် ပိုလို့တောင် ကျက်သရေရှိလှတယ် အမောင် ထိုအမျိုးသမီးကြီးအား တွေးမိတိုင်း ပြုံးမိပါလေ့လား...။
~~~
အချိန်ကား ညနေ6နာရီ အမောင် အိမ်တန်းမပြန်ပဲ စာအုပ်ဆိုင်လေး တစ်ဆိုင်၌စာအုပ်ဝင်ရွေးလေသည်။
(အော်ဒါနဲ့ အမောင်ရယ် အန်တီနွေရယ် မမသဒ္နါမွန်တို့က အတူတူနေကြတာပါ အန်တီနွေရဲ့ အိမ်က 3ထပ်ပါ အလည်ထပ်မှာ အမောင်နဲ့ မမသဒ္နါမွန်တို့တစ်ယောက်တစ်ခန်းနေကြပီး အပေါ်ဆုံးထပ်မှာတော့ အန်တီနွေနေပါတယ် အောက်ဆုံးထပ်ကတော့ ဧည့်ခန်းဘာညာပေါ့)
7ခွဲနေပီဖစ်သော်လဲ အမောင်ပြန်မလာသေးသောကြောင့် နွေခက်မဒီတစ်ယောက် ဂနာမငြိမ်နေပေ။
'ကျစ် သက်ထားရေ
'ဟုတ်ကဲ့မမကြီး'Coffeeတစ်ခွက်ဖျော်ခဲ့ပေး အချိုပေါ့ပေါ့နော်
'ဟုတ်ကဲ့မမကြီး'အမောင်ကလဲ ဘယ်ကိုသဝေထိုးနေပြန်ပီလဲကိုမသိဘူး
'ဟင်းး မမနွေတော့ တစ်ခုခုပဲ အမွန်ဟုခပ်တိုးတိုးလေးဆိုလိုက်မိသည်။
Tingtong ဟော အန်တီနွေရဲ့အမောင်ပြန်ရောက်လာပါပီ
'အမောင်ရေ မင်းနောက်ကျလာချည်လား
'အာ ဟုတ်တယ် အမ အမောင် စာအုပ်ဆိုင်ဝင်နေတာနဲ့ကြာသွားတာ'အေးအေး ဟုတ်ပါပြီ အစောနားတော့ အမသော့ခပ်လိုက်မယ်
'ဟုတ်ကဲ့အမ
အမောင်အိမ်ထဲ ဝင်သည်၌တွေ့ရသည်မှာ အန်တီနွေ ထူးခြားတာမရှိပါဘူးမနက်ကဝတ်စုံလေးနဲ့လှနေစဲပဲ သို့သော် မျက်နှာမကြည်ဘူးလားမသိ တစ်ခုခုအလိုမကျဖစ်နေပုံပဲ အမောင်လဲစဉ်းစားမရသည်နှင့် အပေါ်တက်တော့မည်အလုပ်
'အမောင်
'ရှင် အန်တီ
'ဘာလို့နောက်ကျနေတာလဲ တို့အစောပြန်လာခဲ့လို့ပြောတယ်မလား
'အာ အမောင်စာအုပ်ဝင်ဝယ်နေတာနဲ့ကြာသွားတာပါအန်တီ'အသုံးအဖြုန်းကိုကြီးတယ် သွားတော့ စိတ်ရှုပ်လိုက်တာ
အမောင်အံ့အားသင့်သောအကြည့်နဲ့ အမမွန်ကိုကြည့်လိုက်ရာ အမမွန်မှာလဲ ပခုံးတွန့်ပြပီး နားမလည်သောဟန်ပြလေသည်။
အန်တီနွေက အမောင့်ကိုများမကျေနပ်တာရှိနေလား။
29.1.2024
KieranChan
YOU ARE READING
" ချစ်ရပါသော နွေ "
Боевикနွေဦးရာသီမှာတွေ့ဆုံခဲ့ရတဲ့ နွေခက်မဒီဆိုတဲ့ အမျိုးသမီးကြီးအား ကျွန်မ သိပ်ချစ်တယ်