အပိုင်း ၉

559 29 6
                                    

အချိန်အား ညနေ၅နာရီခွဲ အန်တီကတော့ အလုပ်ကိစ္စရှိသည်ဟုဆို၍သိပ်မကြာဘူးဆိုတာကြောင့် အမောင်လိုက်မသွားပေ သို့သော် ယခုအချိန်ထိပြန်မလာသေးတာကြောင့် စိတ်ကသိကအောက် ဖြစ်နေမိတာအမှန်ပင်။

"ကျစ် ဖုန်းခေါ်တာလဲမကိုင် ဘာတွေလုပ်နေလဲ အချစ်ရယ်

'ဖုန်းအား လက်ထဲကျစ်"ပါအောင်ဆုပ်ထား၍ ချစ်ရသောအမျိုးသမီးဆီမှ ဖုန်းအလာကို တစိမ့်စိမ့်စောင့်မျှော်နေမိသည်။ သို့သော် အချိန်‌တွေသာ တရွေ့ရွေ့ကုန်ဆုံးပီး ည၉နာရီရောက်သွားသည် အန်တီပြန်မလာသေးပါ။

"မဖြစ်တော့ဘူး လိုက်သွားမှရတော့မယ်

ဒေါက်ဒေါက်ဒေါက်

တံခါးခေါက်သံကြား၍ ဝမ်းသာအားရ ဖွင့်ကြည့်လိုက်သော်လဲ မြင်လိုက်ရသောပုံရိပ်တို့မှာ ရင်နာစရာ ဒေါ်မှိုင်းညို့နွယ်သည် အန်တီနွေ့အား တွဲဖက်ထား၍ အန်တီနွေမှာ ‌အတော်လေးမူးနေပုံ အင်္ကျီမှာလဲ ဖရိုဖရဲ ဘာတွေဖစ်လာသလဲ အမောင် မတွေးချင်တော့ပါ မဟုတ်ဘူး မတွေးရဲတော့ပါ။

"ဒါက ဘယ်လို....?

"အော် မမနွေကဒီနေ့အလုပ်ကိစ္စအတွက်စာချုပ်ချုပ်ဖို့လာတာလေ ဖြစ်ချင်တော့ မမနွေနဲ့စာချုပ်ချုပ်မဲ့ Company က တို့ Company ပေါ့ကွာ အလုပ်အကြောင်းပြောရင်း သောက်ရင်းပေါ့

"အင်း အန်တီ အန်တီ ‌မောင့်ကိုကြည့်အုန်း လာလာ ဘယ်လောက်တောင်သောက်ထားသလဲ
" ပြန်ပို့ပေးလို့ ကျေးဇူးပါ မမှိုင်းညို့နွယ်

"Ok!

မှိုင်းညို့နွယ်ထွက်သွားခါမှ အမောင်သိသိသာသာ သက်ပြင်းရှည်ကြီးချလိုက်မိသည်။

" ဟင်းးး...

'အန်တီနွေ့ကို အင်္ကျီလဲ ရေပက်တိုက်ပေး ခြေလက်တွေသန့်စင်ပီး ကုတင်ပေါ်သို့ တင်ပေးကာ စောင်လေးခြုံပေးပီး ကုတင်ဘေးမှထိုင်ကာ စကားဆိုမိသည်။ သို့သော် အန်တီနွေကတော့ ကြားမှာမဟုတ်ပါ အိပ်နေသည်မှာ နှစ်"ခြိုက်" ကလေးလေးသဖွယ်..

လက်လေးအားအသာယာကိုင်ထားပြီး‌

" အန်တီကိုလေ မောင်မဆုံးရှုံးချင်ဘူး မောင်စိတ်မချဘူး မောင့်စိတ်တွေအရမ်းလေးလံနေတယ်သိရဲ့လား မှိုင်းညို့နွယ်ဆိုတဲ့ အမျိုးသမီးကို မောင်မယုံဘူး ဒါမဲ့‌ မောင့်ကြောင့် မောင့်အမျိုးသမီး စိတ်ပင်ပန်းရမှာမောင်ပိုကြောက်တယ် ချစ်တယ်အချစ်ရယ်.. နောက်ဆုံးထွက်သက်ထိအတူတူရှိနေပေးပါကွာ နော်.." ရင်ဘက်ထဲကစကားများကိုဖွင့်ဟပီးနောက် နဖူးလေးအားခပ်ဖွဖွလေးအနမ်းပေး၍ အတူတူအိပ်ယာဝင်လိုက်တော့ပြီ။

" ချစ်ရပါသော နွေ "Where stories live. Discover now