Ep1(U&Z)

1.1K 34 4
                                    

သဘာဝလွန်ဆိုတာကိုယုံလား?.....မှော်ပညာဆိုတာကိုရော...?

ကျွန်တော်တို့မသိမမြင်တဲနေရာတွေမှာ သဘာဝထက်လွန်ကဲနေတဲ့အရာတွေရေမတွက်နိုင်အောင်ရှိတယ်.....

Mahar Class တနည်းအားဖြင့် ထူးဆန်းသော်အတန်းဘာသာရပ်တစ်ခု...!

ကျွန်တော်တို့သင်ကြားနေကြဖြစ်တဲ့ စာပေဘာသာရပ်လိုပဲ လူနည်းစုသာသိတဲ့ သဘာဝလွန်ပညာ တနည်းအားဖြင့် မှော်ပညာဆိုင်ရာဘာသာရပ်အတန်းကိုတော့ Mahar Class လို့ခေါ်တယ်.....
.
.
.
.
.

ပြတင်းဝကတစ်ဆင့်အသံပေးနေတဲ့ ကြက်တွန်သံက ဇော်ရှိုင်းထက်ကိုအိပ်ရာထဖို့သတိပေးလာတယ် .... ကုတင်အောက်ကအနွေးဖိနပ်လေးနဲ့ထိတွေ့လာတဲ့အခါ ရာသီဥတုကြောင့် ခပ်အေးအေးဖြစ်နေတဲ့ ​ခြေဖဝါးတို့အတော်အသက်တောင့်သက်သာရှိသွားတယ်

" သားငယ်ရေ! စာလာတယ်ကွယ်~~ "

" လာပြီ မားမား! "

21ရာစုမှာ စာလာတယ်ဆိုတဲ့မားမားရဲ့သတိပေးသံက သူ့ကိုအနည်းငယ်မျက်ခုံးပင့်မိစေတယ်

စားပွဲပေါ်ကစာအိတ်အဖြူလေးက အနည်းငယ်ရှေးဆန်တဲ့အငွေ့အသက်ရတယ်
အဖြူရောင်ခပ်နွမ်းနွမ်းစာအိတ်ကိုနွားနို့ခွက်လေးကိုင်လာတဲ့အမေကလည်းစိတ်ဝင်စားသလိုလာရပ်ကြည့်နေတယ်

.
.
.

မြို့ပြင်ကပိတောက်ပင်ကြီးအောက်မှာခရီးဆောင်သေတ္တာတွေနဲ့ကြောင်တောင်တောင်လေးရပ်နေတဲ့ကောင်လေးအနားသဲပိုင်လျှောက်သွားလိုက်တယ်.....

" Mahar Class? "

ဇော်ရှိုင်းထက် တစ်နာရီနီးပါးဘာလုပ်ရမှန်းမသိဖြစ်နေချိန် ကြားလိုက်ရတဲ့စကားက မိုးနတ်မင်းကပါးချ...လူမှားလို့ရိုက်မိတာပါဆိုပြီ ဆုလာဒ်တစ်ခုပြန်ပေးခံရသလိုတောင်ခံစားရတယ်...

" ဟုတ် ဒီကညီမရောပဲလားမသိဘူး "

ဇော်ရှိုင်းထက်စကားကိုမိစိုင်းခေါင်းငြိမ့်ပြလိုက်တယ်... " သြော်ထင်သားပဲ ပထမနှစ်လား"

" ဟုတ်.... "

မိစိုင်းလည်းထွေထွေထူးထူးဘာမှဆက်မပြောတော့ပဲသူ့ပစ္စည်းတွေသေချာပြန်စစ်နေလိုက်တယ်....

Mahar Class ( အထူးတန်း ){Stop!}Where stories live. Discover now