Ep6(စတင်ခြင်း) Uni

338 37 5
                                    

ဇော်ရှိုင်းထက်ပြုံးသည် လှပစွာပြုံးသည်....
" ဘာလဲ ငါ့ရဲ့မောင်ဖြစ်ချင်လို့လား ဇာတ်သိမ်းလှဖို့မသေချာဘူးနော် "

ဇော်ရှိုင်းထက်အပြောကိုVitaMinရယ်သည်...ပတ်ဝန်းကျင်းကအသံတွေရပ်တန့်သွားသည် လေထုကအစရပ်တန့်သွားပြီ အောက်ဆီဂျင်တွေယုတ်လျော့လာသည်...

" အရှင်မင်းမျိုးနွယ် အရှင်ကိုဒီလောက်မြန်မြန်တွေ့ရမယ်မထင်ထားဘူးနော် "

VitaMinကဇော်ရှိုင်းထက်ကိုအရှင်မင်းမျိုးနွယ်ဟုခေါ်လာတဲ့အခါ ဇော်ရှိုင်းထက်ကခပ်ပြုံးပြုံးပင်...
မဟုတ် ဇော်ရှိုင်းထက်ခန္ဓာကိုယ်နဲ့မင်းမျိုးနွယ်ဟုသာခေါ်ရမည်လာ...

" မျိုးဆက်သစ်တွေကတကယ်ကိုတော်ကြပေတာကို "
ဇော်ရှိုင်းထက်ခန္ဓာကိုယ်နဲ့မင်းမျိုးနွယ်ဟာရပ်တန့်နေတဲ့ပတ်ဝန်းကျင်နဲ့လေထုကိုကြည့်ပြီမျက်ခုံးပင့်မိသည် မိမိရှေ့ကကောင်လေးသည်အတော်ငယ်ရွယ်ပေအုံးမည် သို့သော် သူ့စွမ်းအင်သည်မငယ်စ....

" လူငယ်လေးရဲ့အသက်နဲ့နာမည်လေးပြောပါအုံး "

" ကျွန်တော်နာမည်ကVitaMin အသက်က၂၀ရှိပါပြီ "

" VitaMin? ဘိလပ်သားလား "

" ကျွန်တော်မျိုးကမြန်မာစစ်စစ်ပါ နာမည်အရင်ကသိန်းမြတ်မင်းလို့လည်း​ခေါ်ပါတယ် "

" ဟုတ်ပြီလေကွယ်... ဒါနဲ့ အမောင်က ကျွန်ုပ်ကို မကြောက်ဘူးပေါ့ "

" အရှင်ကလှတယ်လေ...သြော် ကျွန်တော်မှားသွားတယ် အရှင်ဝင်နေတဲ့ခန္ဓာကိုယ်ပိုင်ရှင်ကလှတယ်လေ "
ဇော်ရှိုင်းထက်ခပ်ဟ ဟ ရယ်မောလိုက်သည်...သူ့ရယ်သံမဆုံးလိုက်ပါ သူအရင်းနှီးဆီလူတွေထဲကတစ်ယောက်ကိုတွေ့လိုက်ရသည်...
" ကျောင်းအုပ် ကောင်းခန့်ကျော် ကျန်းမာလို့ချမ်းသာပါစ? "

ဇော်ရှိုင်းထက်ကိုယ်ဖြင့်မင်းမျိုးနွယ်သည် ကျောင်းအုပ်ကိုပြုံးပြီကြည့်နေပေမဲ့ ကျောင်းအုပ်ကတော့ ဝမ်းနည်းနေတဲ့အကြည့်တွေနဲ့သာကြည့်သည်
" နောက်ဆုံးတော့မင်းထွက်လာပြီလား မင်းမျိုးနွယ် ဒါဆို ဒီကလေးက တကယ်ပဲမင်းဆက်ခံသူပေါ့ "

မင်းမျိုးနွယ်ပခုံးတွန့်ပြသည်...
"မသေချာသေးဘူး သူကငါ့ပညာကိုလက်ဆင့်ကမ်းလိုက်ပေမဲ့ ငါ့နေရာဆက်ခံမယ့်လူလို့မသေချာဘူး"

Mahar Class ( အထူးတန်း ){Stop!}Where stories live. Discover now