ကြေးနီခြေကျင်း Zaw

104 6 1
                                    

{ မြန်မာသက္ကရာဇ်၁၃၅၈ / 1996ခုနှစ် }

" မှုန်ရွှေရည် ခိုင်မာလာနှင်းဆီ~~ "
မဟာကျောင်းတော်ကြီးထဲက ဟောခန်းမဆောင်မှာ"မှုန်ရွှေရည်"သီချင်းသံပျံ့လွင့်နေတယ်....

သွားလာနေကြသူတွေကြား ခပ်အေးအေးသံစဉ်တစ်ခုတိုးထွက်လာတယ်...
ယောကျာ်းပျိုတစ်ယောက်ရဲ့အသံမို့ လွန်စွာချိုမြမနေပေမဲ့ အလွန်တရာသာယာငြိမ့်ညောင်းလှပေးတယ်

" ဟေ့ကောင် မင်းမျိုးနွယ် မင်းအဆိုတော်ပဲလုပ်စားတော့မှာလား "

ကြားလိုက်ရတဲ့အသံကြောင့်မှုန်ရွှေရည်သီချင်းကို သဘောကျစွာငြီးငြူသီဆိုနေသံဟာ ပျောက်သွားတယ်
မင်းမျိုးနွယ် သူ့သူငယ်ချင်းတွေကိုလှည့်ကြည့်ပြီးပြုံးပြတယ်...

ထိုအပြုံး ထိုအပြုံးသည်လူတိုင်းကိုအေးမြစေသည် ထိုအပြုံးသည်အရာရာကိုအားပေးနိုင်စွမ်းရှိသည်.... သို့သော် ထိုအပြုံးကြောင့်ပင် သူ့ဘဝပျက်ခဲ့ရသည်

.
.
.
.

မင်းမျိုးနွယ်ပခုံးကပြတ်ရှရာကသွေးအိုင်းတစ်ခုဖြစ်ဖို့လုံလောက်သလိုပင်

ရှေ့ကချစ်ရသူခေါင်းစဉ်နဲ့လူကတော့မိမိလက်ချက်ကြောင့်ဘယ်မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့လေပြီ...

" ယက္ခမောင် မင်းလုပ်ရပ်တွေမရပ်နိုင်လို့ ငါတားစည်းနေရတာ ငါ့ကိုမင်းနားလည်တယ်မလား "

မင်းမျိုးနွယ်ရဲ့စကားကိုယက္ခမောင်ရယ်သည်...သို့သော်လှော်ရယ်သံတစ်ခုသာ
" ယက္ခမောင်တဲ့လားကွာ နားခါးလိုက်တာချစ်သော်ရယ် မောင်~~လို့ခေါ်ပါ "

မင်းမျိုးနွယ်လက်ကိုဝေ့ယမ်းလိုက်တဲ့အခါ
မီးရောင်ကြောင့်ကျနေတဲ့ယက္ခမောင်ရဲ့အရိပ်ထဲ ကြိုးမျှင်ပေါင်းများစွာဟာ ယက္ခမောင်ရဲ့ခန္ဓာကိုယ်အနှံကိုရစ်ပတ်လာတယ်...နည်းတူ မင်းမျိုးနွယ်လက်ထဲ အဖြူရောင်လည်ဂတုံးအကျီအပေါ်အနီရောင်အစွန်းများ အပြာရောင်ပေါ်အနက်ရောင်အကွက်များပြေးနေတဲ့ပုဆိုးနဲ့ ရုပ်သေးရုပ်တစ်ရုပ်ပေါ်လာသည် ထိုရုပ်သေးရုပ်ရဲ့ဘယ်ဘက်မျက်လုံးကတော့ကြက်ခြေခတ်သဏ္ဍာန်ပေါ်နေပြီ အနီရောင်အစွန်းအချို့လည်းရှိသည်...
ထိုအရုပ်မှာယက္ခမောင်ပင်....ယက္ခမောင်သည်လည်ထိုအရုပ်နည်းတူဝတ်ဆင်ထားသည်...

Mahar Class ( အထူးတန်း ){Stop!}Where stories live. Discover now