Warning ❗
{ အနည်းငယ်ခြောက်ခြားဖွယ်ရာအခန်းပါ၍ အရမ်းကြောက်တက်ရင်မနက်ပိုင်းမှဖတ်ဖို့အကြံပေးပါတယ်နော် }
ချလွမ်ဆိုတဲ့အသံနဲ ကြမ်းပြင်ပေါဖျားချုပ်အပ်တွေပြန့်ကျဲသွားခဲ့တယ်.....
မင်းမောင်ဆိုသူဟာ ဒေါသအရမ်းထွက်နေပုံပေါ်ပေမဲ့ မင်းငြိမ်းချမ်း ဆိုသူနဲ့Vitaminဆိုတဲ့သူကို မတွန်းလှန်ရဲပုံရပြီ ငြိမ်နေတယ်...
မင်းမောင်က လက်ကိုဝေ့ယမ်းပြီကြမ်းပြင်ပေါ်ကျနေတဲ့ သူ့ရဲ့အပ်တွေကိုပြန်သိမ်းယူလိုက်တယ်
" အဲ့ အ...အခြောက်မက....ငါ အကျီလဲနေတာကို လာကြည့်နေတာ.... ငါဒေါသမထွက်ရဘူးလား ယောကျာ်းချင်းကြီး အရှက်မရှိ လာ
ကြည့်... "မင်းမောင်စကားဆုံးအောင်ပြောခွင့်မရခင် အာစေး နှုတ်ပိတ်သွားတယ်....
" မင်းတကယ်ကိုကွာ ... စောက်ရမ်းနားညီးတာပဲ မင်းရဲ့ သုံးစားမရတဲ့ပါးစပ်က သုံးစားမရတဲ့စကားတွေထက်ကြားရမယ်ဆို ငါ့ရဲ့စိတ်အစဥ် ဂယက်ထပြီ မတော်တဆရိုက်သတ်မိသွားတာမျိုး ဖြစ်လာနိုင်တယ်နော် "
VitaMinက ကျောက်သင်ပုန်းကိုအကြည့်မပျက်ပဲဝင်ပြောလာတယ်ထိုအခါ မင်းငြိမ်းချမ်းကလည်းပြုံးစီစီလုပ်ကာပခုံးတွန့်ပြလာပြီ Vitaminရဲ့ပခုံးကိုပုတ်လိုက်တယ်
" မင်းစိတ်လျှော့ပါ သွားမယ်...... "VitaMinနဲ့မင်းငြိမ်းချမ်းထွက်သွားတဲ့အခါ ကျောင်းသားတွေလည်းအသီးသီးထွက်သွားပြီလူစုကွဲသွားကြတယ်....
အတင်းပြောသည့်အသံကတော့မပါမဖြစ်ပေါ့ကောင်းထက်ပိုင်နဲ့ဇော်ရှိုင်းထက်လည်းဝမ်းနည်းနေတဲ့မိစိုင်းကိုခေါ်ပြီသူတို့အဆောင်ဆီပြန်သွားကြတယ်
အဆောင်ထဲရောက်တော့ ဝမ်းနည်းနေပုံရတဲ့မိစိုင်းမျက်နှာက ဖြည်းဖြည်းချင်းပြုံးလာတာမြင်လိုက်တဲ့အခါ အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားကြတယ်...
" အစိုင်း....မင်းအဆင်ပြေ.... "
" ဟားဟား...နင်တို့ကလည်း အထင်သေးလိုက်တာ ငါကဒါလေးနဲ့ ဝမ်းနည်းပက်လက်ဖြစ်နေတယ်တကယ်ထင်နေတာလား နည်းနည်းစိတ်မကောင်းဖြစ်မိပေမဲ့ ငါ့အတွက်ဒါတွေရိုးနေပြီ.... "
YOU ARE READING
Mahar Class ( အထူးတန်း ){Stop!}
Fanfictionမှော်ပညာဆိုတာကိုယုံလား? Vitamin(မဏ္ဏိရှင်) x ဇော်ရှိုင်းထက်(လျှံ) စိတ်ကူးယဥ်ဝတ္ထုသာဖြစ်သည်။