Ep3 { တစ်ဖက်သတ်အမှန်တရား }Uni

353 25 8
                                    

ဆယ်ဂဏန်းစွန်းစွန်းပဲရှိတဲ့လူသစ်တွေကြောင့်
ရွေးချယ်ပွဲက သိပ်မကြာခဲ့ချေ....

နောက်ဆုံးရွေးချယ်သူအပြီးမှာ ဆရာကြီးကအကုန်လုံးကိုအဆောင်ပြန်အနားယူဖို့နဲ့ မနက်ဖြန်သင်ကြားခြင်းစတင်မည်ဖြစ်ကြောင်းပြောပြီအဆုံးသတ်လိုက်တယ်...

ခန်းမအပြင်ပြန်ထွက်လာကြတဲ့အခါ ဆရာကောင်းမြတ်ကိုပြန်တွေ့တယ် ဆရာကောင်းမြတ်က ကျောင်းသားသစ်တွေစုခေါ်ပြီ နှစ်ယောက်တစ်ခန်းစီနေရာချပေးတဲ့အခါ... ဇော်ရှိုင်းထက် နဲ့ ကောင်းထက်ပိုင်ကအခန်းတူပြီ မိစိုင်းကတော့အပြင်လူနဲ့ အခန်းကွဲသွားတယ်....

ဆရာကောင်းမြတ်က ပစ္စည်းတွေနေရာချပြီဒီနေ့တစ်နေ့လုံးလွှတ်လွှတ်လပ်လပ်နေလို့ရပြီဖြစ်ကြောင်းပြောလာတယ် ပြီးတော့ ကျောင်းရဲ့စည်းကမ်းချက်အချို့နဲ့ ကျောင်းရဲ့ကိစ္စအချို့ကိုသိရှိဖို့ကျောင်းသားတွေကို စာအုပ်တစ်အုပ်အရွယ်ကျောက်သင်ပုန်းတစ်ခုစီပေးတယ်.....

ကျောင်သင်ပုန်းက လူ့လောကရဲ့ဖုန်းနဲ့တူပြီ....
လူ့လောကမှာလိုင်းနဲ့ဆက်သွယ်အသုံးပြုကြပြီ အက္ခရာမြို့တော်မှာတော့မှော်နဲ့ ချိတ်ဆက်အသုံးပြုကြကြောင်းအကြမ်းဖြင်ရှင်းပြတယ်...

မိစိုင်း _ "ဒါဆိုလည်းငါတို့ပစ္စည်းတွေနေရာချအနားယူပြီ ညနေ၆နာရီလောက်ကျစုံမယ်လေ...

ဇော်ရှိုင်းထက် _ " အင်းပါ....အဲ့ဆိုညနေကျတွေ့မယ် "

မိစိုင်း _ " အေးအေး ဂရုစိုက်အုံးနော် "

ကောင်းထက်ပိုင် _ " ညကျတွေ့မယ် bye..."

သူတို့လည်းလူခွဲလိုက်ပြီ မိစိုင်းလည်းသူ့အခန်းသူဝင်သွားကာ.... ကောင်းထက်ပိုင် နဲ့ ဇော်ရှိုင်းထက်လည်း သူ့တို့အခန်းထဲသူတို့ဝင်သွားကြတယ်....

အခန်းထဲရောက်တော့ အခန်းကထင်သလောက်မကျဥ်းတာတွေ့ရတယ်......
ကျွန်းသစ်ဘီရိုနှစ်လုံး ကျွန်းသစ်နဲ့ပြုလုပ်ထားတဲ့ စားပွဲ ကုတင်နှစ်လုံးစီနဲ့ ပစ္စည်းတင်ဖို့နဲ့အလှလုပ်ပေးထားတဲ့ ကျွန်းသစ်စင်ကြီးတစ်စင်.....
အရာအားလုံးကိုကျွန်းသစ်နဲ့ပြုလုပ်ထားတာမို့.... တကယ့်ကိုမြန်မာမှုအပြည့်ရသည်...

Mahar Class ( အထူးတန်း ){Stop!}Where stories live. Discover now