Episode (27)

230 43 18
                                    

Unicode

စားသောက်ဖွယ်ရာတစ်ခုခု တူးချစ်နေတဲ့အနံ့ကြီးက နှာခေါင်းထဲကို အလုံးအရင်းနဲ့ဝင်လာခဲ့ပြီး အဲဒီအနံ့ကြောင့် နှာခေါင်းကိုလက်နဲ့ပိတ်လိုက်မိတယ် ။

" ဘာတွေတူးပြန်ပြီလဲ မသိဘူး "

လူနေထူထပ်တဲ့နေရာမို့ ဒါမျိုးအနံ့တွေကိုရနေကျဆိုပေမဲ့ အခုဟာက တော်တော်ဆိုးဆိုးကြီး ။

အဲဒီအချိန် အဖြူရောင်အငွေ့တွေက နောက်ဘက်ကထွက်ပေါ်လာခဲ့တယ် ။ အနံ့နဲ့အငွေ့နှစ်ခုပေါင်းလိုက်တော့ အာရုံထဲမှာလက်ခနဲ ။ ဝက်သားပြုတ်ထားတာကို ကျွန်တော်မေ့သွားတာပဲ ။ နောက်ဘက်ဆီ ဒရောသောပါးပြေးပြီး မီးပလတ်ကြိုးကိုဆွဲဖြုတ်လိုက်ရတယ် ။ ဒယ်အိုးအဖုံးကို ဖွင့်ကြည့်စရာမလိုအောင် အနံ့နဲ့တင် ဝက်သားပြုတ်ကစားလို့မရတော့မှန်း သိလိုက်ရသလို ခေါင်းကိုလဲသွင်သွင်ခါယမ်းမိကော ။

" ဘယ်လိုဖြစ်နေတာလဲကွာ "

ကိုယ့်ကိုယ်ကိုယ် မချင့်မရဲဖြစ်မိသလို ဘယ်သူ့ဆီကိုသွားပြီး ရင်ဖွင့်ရမှန်းလဲမသိ ။

အလွဲလွဲအချော်ချော်ဖြစ်နေတာက အကြိမ်ကြိမ်ဖြစ်လာခဲ့ပြီ ။ ဟိုတစ်နေ့ကလဲ ရေချိုးခန်းထဲကရေပိုက်ကိုဖွင့်ခဲ့မိလို့ အပေါ်စည်ထဲမှာရှိတဲ့ရေတွေကုန်သွားခဲ့သလို မနေ့ကလဲ ကျောပိုးအိတ်ကိုမယူဘဲ ဒီအတိုင်းထွက်သွားမိတာ ။ ကားဂိတ်ရောက်မှ နောက်ပြန်လှည့်ပြီး ကျောပိုးအိတ်ကိုပြန်ယူရတယ် ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေး ။ မမှားသင့်တဲ့အမှားတွေကိုလဲ တစ်နေ့တစ်မျ်ိုးမရိုးရအောင် ပြုလုပ်နေမိသလို စိတ်နဲ့လူကလဲ ကပ်လိုက်ခွာလိုက်နဲ့ ။

ဒီအခြေအနေက ဘယ်ဆီဘယ်ဝယ်ဦးတည်နေလဲ ကျွန်တော်မသိချင်ပါ ။ မသိရဲဘူးလို့ဆိုရင် ပိုမှန်ပါလိမ့်မယ် ။

********

" ချမ်းလို့ "

" ဟင် "

" ချမ်းတယ်လို့ "

" အဲဒီတော့ "

" ဖက်ထားပေးလေ "

" ဟင့်အင်း ...မဖက်ချင်ဘူး "

" ဘာဖြစ်လို့လဲလို့...ဖက်ထားပေးပါလို့ "

ထင်း (Ongoing) Wo Geschichten leben. Entdecke jetzt