Episode (6)

316 52 32
                                    

ဟိုတယ်ခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း တံခါးရှိရာဆီ အကြိမ်ပေါင်းများစွာကြည့်နေမိသလို သက်ပြင်းကိုလဲခဏခဏချလို့ ။ မှားသွားပြီလားဆိုတဲ့ နောင်တစိတ်ကြောင့် ကျွန်တော် မပျော်ခဲ့ဘူး ။

သူ့ဆီပို့ထားတဲ့ messageတွေကိုပြန်ဖတ်ကြည့်တော့ မျက်နှာတစ်ခုလုံးတရှိန်းရှိန်းနဲ့ ပြန်ပူလာတယ် ။ ကျွန်တော့်ရဲ့ အရှက်မဲ့မှုကို ကိုယ်ကိုယ်တိုင် လက်ဖျားခံရချိန် ။ ကြည့်ပါအုံး...စကားကြီးစကားကျယ်ပြောခဲ့တာက ကျွန်တော် မဟုတ်တော့သလို ။ မက်လောက်စရာမရှိပါဘူးလို့ နှိမ်ချတွေးခဲ့တာက တခြားတစ်ယောက်လိုမျိုးပဲ ။

တစ်ခါပဲ...ဒီတစ်ခါပြီးရင် ဆက်မပတ်သက်တော့ဘူးလို့ ကျွန်တော် ကိုယ့်ဘာသာကတိပေးဖြစ်တယ် ။ ကြက်သားဟင်းစားနေကျလူက လမ်းဘေးမှာရောင်းတဲ့ အကြော်စုံကို စားချင်လို့စားလဲ တစ်ကြိမ်ပေါ့ ။ ဘယ်သူမှ ကြက်သားဟင်းနဲ့ လမ်းဘေးစာကိုတော့ လဲမှာမဟုတ်ဘူး ။

" ကိုယ် မင်းပြောတာကို လက်ခံတယ် " ဆိုပြီး သူ့ဆီ ပထမဆုံးပို့လိုက်တဲ့ message ကို အသံထွက်ဖတ်ကြည့်မိတယ် ။ အဲဒီအချိန် သူက အောင်နိုင်သူလိုမျိုး ခံစားရလိမ့်မယ် ။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်ရဲ့ မာနနဲ့သိက္ခာတွေကတော့ သူ့ခြေဖဝါးအောက်ပြားပြားဝပ်လို့ ။

" ကောင်းပါပြီ " ဆိုတဲ့ messageကို ပြန်ပို့ချိန် သူရယ်မောနေမလား ။ ကျွန်တော့်နာမည်ကိုရေရွတ်လို့ အထင်သေးစကားကိုများပြောနေလေမလား ။

သူက ကျွန်တော့်ကို အမြဲတမ်း အတွေးများစေတဲ့သူ ။

စိတ်လှုပ်ရှားစွာနဲ့ မွေ့ရာစွန်းမှာထိုင်ပြီး နာရီကိုကြည့်မိတော့ ကိုးနာရီထိုးပြီးဆယ်မိနစ် ။ ကျွန်တော် သူ့ကို ကိုးနာရီလာခဲ့ဖို့ ချိန်းထားတာ ။ ဟိုတယ်နာမည်နဲ့ အခန်းနံပါတ်ကိုလဲပို့ထားပြီးသားဆိုတော့ မှားစရာအကြောင်းလဲမရှိ ။ မခံချင်စိတ်က လှစ်ခနဲထကြွလာသလို ခန္ဓာကိုယ်ကိုလဲ မွေ့ရာပေါ်ကနေထပြီး တောက်တစ်ချက်ခေါက်လို့ အခန်းတံခါးဆီခြေလှမ်းမိသွားတယ် ။

ဒီလောက်စော်ကားခံရရင် တော်ပြီပေါ့ ။ ကျွန်တော့်ဘက်ကပဲ ငမ်းငမ်းတက်ဖြစ်နေရတာကို တော်တော်ခံပြင်းနေပြီ ။

ထင်း (Ongoing) Hikayelerin yaşadığı yer. Şimdi keşfedin