Episode (2)

416 63 16
                                    

ကျွန်တော့်စိတ်ထဲမှာဖြစ်တည်နေတဲ့ ရန်ငြိုးတွေက ပြေပျောက်သွားရမဲ့အစား ပိုပြီးထုထည်ကြီးလာခဲ့တယ် ။ မကောင်းမှန်းသိနေလဲ မဖြေဖျောက်နိုင်တော့ ဆေးလိပ်နဲ့အရက်ကိုပဲ အဖော်ပြုရတဲ့ရက်တွေက တစ်ပတ်နီးပါးရှိလာပြီ ။

ဆိုင်သွားဖို့လဲစိတ်မပါ ၊ အလုပ်လဲမလုပ်ချင်ဖြစ်နေတဲ့စိတ်ကို ပြန်ကုစားဖို့ gay barတစ်ခုကိုပဲ ရွေးချယ်မိတယ် ။ မကြည်လင်တဲ့စိတ်နဲ့ clubသွားရင် ရန်ပွဲတစ်ခုအစပျိုးနိုင်တော့ barကိုသွားပြီး ဝီစကီဖြစ်ဖြစ် ၊ ရှန်ပိန်ဖြစ်ဖြစ်သောက်တာကပဲ ပိုသင့်တော်မှာ ။  ကျွန်တော့်စိတ်ကိုကြည်လင်အောင်လုပ်ပေးမဲ့ အချောအလှလေးတစ်ယောက်နဲ့ ညတစ်ညကိုအတူတူဖြတ်ကျော်နိုင်ခဲ့ရင် အကောင်းဆုံးပေါ့ ။

ချောင်ကျကျစားပွဲဝိုင်းမှာထိုင် ၊ ဝင်လာတဲ့လူတွေကိုငေးကြည့် ၊ ဝီစကီလေးသောက်နဲ့ တစ်ယောက်တည်းအချိန်ဖြုန်းနေမိတဲ့ ကျွန်တော့်ရှေ့မှာ သောက်ပြီးသားဝီစကီခွက်သုံးခွက်ရှိနေပြီဆိုတော့ ခေါင်းထဲမှာလဲရီဝေဝေ ။ အပေါ်ကအထည့်များလို့ ပြန်ထုတ်ဖို့လိုလာချိန် ဆိုင်နောက်ဘက်ကသန့်စင်ခန်းကိုပဲ ယိုင်တိုင်တိုင်နဲ့ဦးတည်မိကော ။ သောက်ထားတယ်ဆိုပေမဲ့ သတိလွတ်နေတဲ့အခြေအနေတော့မဟုတ်ခဲ့ပါဘူး ။

ပြန်ထုတ်ပြီးတာနဲ့ ရီဝေဝေဖြစ်နေတဲ့ခေါင်းက အရင်ထက်ကြည်လင်လာသလို စိတ်ကလဲ ပေါ့ပါးသွားသလိုပဲ ။ ရှေ့ကိုကျနေတဲ့ဆံပင်တွေကို နောက်ကျောဘက်ပြန်ပို့ ၊ ဘောင်းဘီဇစ်ကိုပြန်ဆွဲတင်ခဲ့ရဲ့လားလို့ ငုံ့ကြည့်ပြီး အပြင်ထွက်လိုက်ချိန်မှာပဲ သန့်စင်ခန်းထဲဝင်လာတဲ့ လူတစ်ယောက်နဲ့တိုက်မိသွားတယ် ။

" ကျစ် "

စုတ်သပ်သံကျယ်ကျယ်က တစ်ဖက်လူဆီကနေထွက်ပေါ်လာတော့ ကျွန်တော် တောင်းပန်စကားပြောဖို့ ခေါင်းပြန်မော့လိုက်ချိန် ရေသေအိုင်လိုနက်မှောင်လှတဲ့ မျက်ဝန်းတစ်စုံကို တွေ့လိုက်ရတယ် ။ နှာခေါင်းစည်းတပ်ထားပေမဲ့ ဘယ်သူဆိုတာကိုချက်ချင်းသိလောက်အောင် သူ့မျက်လုံးတွေကထူးခြားနေတယ်လို့ ကျွန်တော်ပြောရင် ပိုတယ်လို့ထင်ကြမလား ။

ထင်း (Ongoing) Tahanan ng mga kuwento. Tumuklas ngayon