Chapter -1

932 41 1
                                    

ဖြောင်းးး

အိမ်ထဲသို့ ဝင် ဝင်လာချင်ပင် ပါးထက်သို့ဆီးနှင်းရိုက်ချ​ခြင်းခံလိုက်ရတာမို့ ရှောင်းကျန့် ကြမ်းပြင်ထက်သို့ ခွေခွေလေးလဲကျသွားရ၏

"အသုံးမကျတဲ့ကောင် မိဘက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်ရဲပေါ့လေ "

ရှောင်းကျန့်ဘာမှပြန်မပြော
ခေါင်းငုံ့ထားလျက်နှင့်ပင် ကြမ်းပြင်နှင့်ထိကပ်နေသော လက်တို့ကို တင်းတင်းဆုတ်ထားမိ၏

" တော်တော်လေး သတ္တိတွေကောင်းနေပါ့လား"

"....."

"ဘယ်သူတွေရဲ့အားကိုးနဲ့ ငါ့ကို အာခံရဲနေတာလဲ ပြောစမ်း "

ရှောင်းကျန့်သည် ထိုနေရာမှ တုပ်တုပ်မျှပင် မလှုပ်ခဲ့

" ကျွန်" မ ကမွေးတဲ့သားက ကျွန်စိတ်
အပြည့်အဝ ပါလာခဲ့တာပဲ မိဘက ကောင်းစေချင်လို့အမြင့်တင်ပေးတာကို မြင့်တယ်ဆိုပြီး ခုန်ချချင်နေတဲ့ အကောင်"

ဖခင်ဖြစ်သူပြောတုန်းက တစ်ချက်မျှ မတုန့်ပြန်ခဲ့တဲ့ရှောင်းကျန့်က မိထွေးတစ်ဖြစ်လည်း ရှောင်းသခင်မရဲ့အပြောမှာတော့ ဆက်ခနဲ့ ခေါင်းမော့ကြည့်လာကာ အံ့ကို ခပ်တင်းတင်းကြိပ်လိုက်မိ၏

" ဘာလဲ အမှန်တွေပြောလို့ နာသွားတာလား "

" ဒါဆိုလည်း အဲ့ဒီ့အမြင့်ပေါ်ကို အန်တီ သမီး ရှောင်းခြူးယန်ကို တင်ပေးလိုက်ပါ့လား "

ရှောင်းကျန့်၏ တစ်ခွန်းပြန်အပြောမှာတော့ ရှောင်းသခင်မက ဆက်ဆက်ထိမခံ ဖြစ်ကာ ဆွေ့ဆွေ့ခုန်နေ၏

" ရှောင်းကျန့် နင်....နင်..."

" လီဝေ မင်းလည်းတော်ပြီ "

လက်ညိုးတစ်ထိုးထိုး​ဖြစ်​နေတဲ့ ရှောင်းသခင်မက ရှောင်းယန်၏ စကားကြောင့် ရှူးရှူးရှဲရှဲ ဖြစ်ကာ ရှောင်းကျန့်အား မျက်စောင်းထိုးကာ ထိုနေရာမှ ထွက်သွားလေသည်...

" မင်းလည်း ကိုယ့်အပြစ်ကို သိတယ်မဟုတ်လား ရှောင်းကျန့် "

အပြစ်? ?
ရှောင်းကျန့် သူစိတ်ထဲတွင်တော့ သူအပြစ်လုပ်ထားမိတာ မရှိဟု ထင်မိ၏ မနှစ်သက်သူကို မလိုချင်ကြောင်းငြင်းမိသည်က အပြစ်မဟုတ်ခဲ့ ထို့ကြောင့်မတ်တပ်ထကာ ဖခင်နှင့်မျက်နှာချင်းဆိုင်လျက် ရပ်လိုက်၏

 Finding the present in the pastWhere stories live. Discover now