chapter - 7

203 23 2
                                    

ဒီနေ့က ကျောင်းပိတ်ရက်
ရှောင်းကျန့်က မားမားရဲ့ အလုပ်တွေကို ကူပေးနေတယ်

ရှောင်းမားက သူတို့အိမ်က ခြံလေးထဲမှာပဲ
ပန်းပျိုးပင်လေးတွေကို စိုက်ပျိုးရောင်းချတယ် 

အများစုက နှင်းဆီပင်တွေကြည့်ပဲ
အနီ အဖြူ အဝါ လိမ္မော် အပန်း
အရောင်သွေးတော်တော်လေးစုံလင်တယ်
တခြားအလှပန်းပင်လေးတွေလည်းရှိတယ်
အရွက်လှတဲ့ ဂမုန်းမျိုးစိတ်အပင်လေးတွေကလည်း တော်တော်စုံစုံလင်လင်ရှိတယ်

အိမ်ရှေ့မျက်နှာသာမှာ မားမားက
ဇီဇဝါနဲ့ စံပ္ပယ်ပင်လေးတွေ တန်းဆီ စိုက်ထားတာမို့ လေသင့်လာတာနဲ့ အနံ့လေးတွေသင့်ပျံ့လာပြီး စိတ်ကို ကြည်လင်စေတယ်

တစ်သက်လုံး ပျော်ရွှင်ချင်ရင် သစ်ပင်စိုက် လို့ဆိုကြတဲ့ ဆိုရိုးစကားကို  ပန်းပင်တွေအနား ရှိနေတိုင်း ပြုံးနေတတ်တဲ့ မားမားကြောင့် ရှောင်းကျန့်က တစ်ထစ်ချ ယုံကြည်ပစ်လိုက်တော့တာပဲ

မားမား က ဒီ​​နေ့ကျူလစ်ပန်းတွေကို  စမ်း​ပြီး စိုက်ပျိုးကြည့်မယ်ဆိုတာကြောင့် ရှောင်းကျန့်က မြေနုလေးတွေနဲ့ မြေဆွေးတွေကို ရောနယ်ပေး​နေတယ်

ရှောင်းကျန့်က ပန်းပင်တွေအကြောင်း သိပ်မသိသလို ကိုင်းခွဲတာတွေ အပင်ကူးတာတွေလည် မလုပ်တတ်ဘူး သူတတ်နိုင်တာ မားမားလိုအပ်သမျှကိုနောက်က ကူပေးရုံပဲ

" ကျူးလစ်ပန်းတွေက နှင်းဆီပြီးရင် ချစ်ခြင်းတွေကို ဖော်ပြတဲ့နေရာမှာ အများဆုံး အသုံးပြုကြတယ်တဲ့ "

မားက ကျူးလစ်ပင်ပေါက်လေးတွေကို သန့်စင်နေရင်းနဲ့ပြောလာတယ်

ရှောင်းကျန့် မားကို လှမ်းကြည့်တော့ အပင်တွေကို အာရုံစိုက်ရင်း မားမားက ပြုံးနေတယ်

" နောက်ပြီး အရောင်တွေတိုင်းမှာလည်း ကွဲပြားတဲ့ အဓိပ္ပါယ်တွေ ရှိကြသေးတယ် တဲ့"

မားမားက သူကြားဖူးနားဝကို ပြန်ပြောနေသလိုမျိုး ပြောပြနေ​ပြန်တယ်

" အဖြူရောင် ကျူးလစ်ပန်းတွေရဲ့အဓိပ္ပါယ်က ခွင့်လွတ်ခြင်းဖြစ်ပြီး  တစ်စုံတစ်ယောက်ကို တောင်းပန်တဲ့အခါ အသုံးပြုကြတယ်တဲ့ "

 Finding the present in the pastWhere stories live. Discover now