Chapter 14

86 4 6
                                    

အဖြေပေးပြီး အနမ်းချွေလို့ပြီးတာနဲ့ အရှက်သည်းလွန်းတဲ့ ရှောင်းကျန့် တစ်ယောက်
ဝမ်ရိပေါ်လက်ကို ဆွဲပြီး မိုးရေထဲ လျှောက်ပတ်ပြေးတော့သည်

အကျိုးဆက်အနေနဲ့ကတော့ နှစ်ယောက်လုံး မိုးရေတွေ စိုရွဲကုန်ကာ ကျောင်းလည်း တက်လို့အဆင်မပြေတော့တာကြောင့် ကျောင်းနဲ့ နီးတဲ့ ဝမ်ရိပေါ်ရဲ့ ကွန်ဒို ကိုသာ ရောက်လာရတော့သည်

အခန်းထဲရောက်တာနဲ့ ဝမ်ရိပေါ်က ရှောင်းကျန့် နဲ့ အဆင်ပြေမယ့် ဝတ်စုံတစ်ခုကိုထုတ်ပေးလိုက်ကာ

" အင့် အဝတ်တွေ အရင်လဲလိုက်
တစ်ကိုယ်လုံး စိုရွဲနေတာ "

" အင်း "

ရှောင်းကျန့် အဝတ်တွေကို ယူပြီးတာနဲ့ ဝမ်ရိပေါ်က ရေချိုးခန်းဘက်ကို မေ့ဆက်ပြလာတာမို့ အထဲကိုသာ ဝင်လဲလိုက်သည်

အဝတ်အစား လဲပြီး သူပြန်ထွက်လာတော့ ဝမ်ရိပေါ်က အခန်းထဲမှာ မရှိတော့
ရေစိုဝတ်တွေကို တော့ အခန်းထောင့်က အပေခြင်း ထဲမှာတွေလိုက်ရတာမို့ သူလည်း အခန်း အပြင်ဘက်သာ ထွက်လာခဲ့လိုက်သည်

ဝမ်ရိပေါ်ရဲ့ တိုက်ခန်းက အတော်သင့် ကျယ်ဝန်းသည်။ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်းနှင့် မီးဖိုခန်းအသေးစားလေးတစ်ခုပါ ပါသည်

ရှောင်းကျန့် အခန်းကို ဝေ့ဝဲကြည့်မိတုန်း မီးဖိုခန်းဘက်က အသံတစ်ချို့ကြားရတာမို့သွားကြည့်မိတော့ တကုပ်ကုပ်နဲ့ အလုပ်များနေတဲ့ ဝမ်ရိပေါ်

" ဝမ်ရိပေါ် "

သူခေါ်တော့ ဝမ်ရိပေါ်က လှည့်ကြည့်လာခဲ့သည်

ဝမ်ရိပေါ် သူနဲ့ အနည်းငယ်သေးနေတာမို့ မဝတ်ဖြစ်တဲ့ ဟူဒီ အပန်းရောင်ကလေးက ရှောင်းကျန့်နဲ့ကျ အနည်း‌ငယ်ပွယောင်းယောင်း ဖြစ်နေတာကိုကြည့် ပြီး သဘောတကျ ပြုံးရယ်မိတော့ ရှောင်းကျန့်တစ်ယောက် မနေတက်ဖြစ်ကာ ဂုတ်ပိုးကလေး ပွတ်သပ်ပြီး အောက်နှတ်ခမ်းလေး ဖိကိုက်ကာ ခေါင်းကို အောက်ငုံ့သွားတာကြောင့် ဝမ်ရိပေါ်တစ်ယောက် အသည်းယားလာတာမို့ အသံပါ ထွက်ရယ်မိသည်

နားရွက်ဖျားကလေးတွေတောင် ဟူဒီလေးနဲ့အပြိုင် ပန်းရောင်သန်းနေတဲ့ ရှောင်းကျန့်က ရေချိုးပြီးကာစ မျက်နှာကလေးကအစ ကြည်နေကာ ယုယချင်စရာ ကောင်းနေသည်မှာ အမှန်

 Finding the present in the pastWhere stories live. Discover now